



Shoon (Cele Daily)

Unicode

ရည်းစားမရှိသူများကို ထိုင်ငိုသွားစေမည့် အရပ်၂ပေ၁၁လက်မသာရှိသော အမျိုးသား၏ ခမ်းနားသော မင်္ဂလာလက်ထပ်ပွဲ

လူသားတိုင်းသည် ကိုယ်တကယ်ချစ်ခင်မြတ်နိုးသော သူများနှင့်အတူ ခမ်းနားသော မင်္ဂလာပွဲကြီးကို ကျင်းပပြီး မင်္ဂလာဆောင်လိုကြသည်။အချို့သည်လည်း မင်္ဂလာပွဲလေးကို ကျင်းပလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရည်စားရှာမရဘဲ သူများ၏ မင်္ဂလာပွဲကိုသာ အားကျနေရသူများလည်းရှိသည်။

ယခုတွင်လည်း တရုပ်နိုင်ငံတွင် အရပ်အပုဆုံးသော အမျိုးသားသည် သူ၏ မင်္ဂလာလက်ထပ်ပွဲလေးကို ခမ်းနားစွာဖြင့် ကျင်းပခဲ့ပြီး အခြားသူများအားလုံးကို အားကျစေခဲ့သည်။ထိုအမျိုးသားဟာ အသက်၃၆နှစ်အရွယ်ရှိနေပြီဖြစ်ပြီး တရုပ်နျုင်ငံတွင် အောင်မြင်ကျော်ကြားနေသော ဆယ်လီတစ်ဦးလည်းဖြစ်သည်။

ထိုအမျိုးသားသည် ငယ်စဥ်က အရပ်ပုသောကြောင့် အခြားသူများ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသော်လည်း ယခုအခါတွင် နိုင်ငံတွင် အောင်မြင်ကျော်ကြားရုံမျှမကဘဲ ချစ်ရသော ကြင်ဖော်လေးနှင့်အတူ မင်္ဂလာပွဲလေးကို ခမ်းနားစွာကျင်းပပြီး အားလုံး၏ အားကျရသောလူတစ်ဦးပင် ဖြစ်စေခဲ့သည်။

Shoon (Cele Daily)

  • Leave a Comment