




Shoon (Cele Daily)

Unicode

ဇနီးဖြစ်သူ ပညာသင်ကြားရေး တစ်တော့ videoကို အလွယ်တကူရိုက်ကူးနိုင်ရန်အတွက် လည်ပင်းတွင် စာရွက်ကလေးချိတ်ကာ ကိုယ်တိုင်ဗီဒီယိုရိုက်ပေးနေသည့် ခင်ပွန်းသည်

အိမ်ထောင်တစ်ခု တည်ထောင်နိုင်ပြီဆိုလျှင် ဇနီးနှင့် ခင်ပွန်းတို့သည် တစ်ဦးနှင့် တစ်ဦး လိုအပ်သည်များကို ကူညီကာ အေးအတူ ပူအမျှနေထိုင်သွားကြသာများကို မြင်တွေ့လျှင် အလွန်ကြည်နူးရပေသည်။

ယခုတွင်လည်း အင်ဒိုနီးရှားနိုင်ငံမှင့် ကျောင်းဆရာမတစ်ဦးနှင့် သူ၏ခင်ပွန်းတို့၏ ကြည်နူးဖွယ် ပုံရိပ်လေးသည် လူအများကို အားကျစေခဲ့ရပါသည်။

ကျောင်းဆရာမဖြစ်သူဟာ tik tokတွင် ပညာရေးသင်ကြားမှု ဗီဒီယို ရိုက်ကူးနိုင်စေရန်အတွက် ခင်ပွန်းဖြစ်သူဟာ စာသင်ကြားရန် လိုအပ်သည့် စာရွက်လေးကို လည်ပင်းတွင် ချိတ်ဆွဲပြီး ကူညီပေးခဲ့ပါသည်။

ထို့အပြင် ခင်ပွန်းဖြစ်သူဟာ tik tok ဗီဒီယိုလေးကို ကိုယ်တိုင်လည်း ရိုက်ကူးပေးနေသေးသည်။လင်မယားနှစ်ဦး၏ တစ်ဦးကို တစ်ဦးကူညီပေးနေသည့် ပုံရိပ်လေးဟာ လူအများက အလွန်အားကျပြီး ကြည်နူးနေရပေသည်။

Shoon (Cele Daily)

  • Leave a Comment