Shoon (Cele Daily)
Unicode
ကျောင်းဝတ်စုံ၏ ကျောပေါ်တွင် F*ck ဟုရေးပြီး ဆရာများကို စော်ကားသည့်ကျောင်းသား ဖမ်းဆီးခံခဲ့ရ
မလေးရှားနိုင်ငံမှ ကျောင်းသားတစ်စုဟာ ဆရာ ဆရာမများကို စော်ကားသော လုပ်ရပ်တစ်ခုကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။ဆရာဆရာမဆိုသည်မှာ တပည့်များအတွက် အစဥ်ထာဝရ လေးစားကာ အတုယူဖွယ် စံပြပုဂ္ဂိုလ်များဖြစ်ပေသည်။
ဆရာ ဆရာမများကို ရိုင်းပြသော အမူအရာဖြင့် မဆိုထားနှင့် စိတ်နှင့်ပင် မပြစ်မှားထိုက်သော ပေ။ကျောင်းသားများသည် ရိုသေလေးစားစွာဖြင့် ပြုမုဆက်ဆံသင့်ပေသည်။ယခုတွင်တော့ မလေးရှားနိုင်ငံမှ ကျောင်းသားတစ်ဖွဲ့ဟာ ကျောင်းဝတ်စုံ၏ ကျောပေါ်တွင် fckဆိုသည့် စာသားနှင့်အတူ ရုပ်ပုံများ အခြားရိုင်းစိုင်းသော စကားလုံးများ ရေးဆွဲပြီး စော်ကားခဲ့ကြပါတယ်။
ကျောင်းသားများဟာ ထို့သို့ ပြုမူပြီး မြို့အနှံပင် ဆိုင်ကယ်စီးကာ လမ်းပေါ်တွင် သွားလာခဲ့ကြပါသေးတယ်။
ထိုအပြုအမူကို ရဲတပ်ဖွဲးများက သတိပြုမိခဲ့ပြီး နောက်ရက်တွင် ရှာဖွေပြီး ဖမ်းဆီးခဲ့ကြပါတယ်။ထို့နောက်တွင် တရားရုံး၌ အမှုဖွင့်လှစ်ပြီး အပြစ်ပေးဆောင်ရွက်သွားမည်ဟု သိရပါတယ်။
Shoon (Cele Daily)