



Shoon (Cele Daily)

Unicode

ရေထဲသို့ ပြုတ်ကျနေသော ကြောင်ကလေးကို ရဲ၊စစ်သားနှင့် ပြည်သူ သုံးယောက်တို့က ပူးပေါင်း၍ ကယ်ဆယ်ပေးနေသည့် ကြည်နူးဖွယ် မြင်ကွင်းလေး

တိရိစ္ဆာန်လေးများသည် အသိညဏ်အားနည်းသောကြောင့် သဘာဝဘေးအန္တရယ်များကို ရင်နိုင်နိုင်စွမ်းမရှိကြပေ။ထို့ကြောင့် တိရိစ္ဆာန်လေးများကို လူသားအားလုံးက စာနာမှုရှိစွာဖြင့် ဝိုင်းဝန်းစောင့်ရှောက်ပေးမှသာလျှင် သာယာကြည်နူးဖွယ် ကမ္ဘာလေး ဖြစ်ပေါ်လာမည်ဖြစ်ပေသည်။

မလေးရှားနိုင်ငံမှ လူသုံးဦးဟာ ရေထဲသို့ပြုတ်ကျနေသည့် ကြောင်ကလေးကို လူသား တိရိစ္ဆာန်ဟူ၍ ချစ်ခြင်းကို ခွဲခြားခြင်းမရှိဘဲ ကယ်ဆယ်ပေးခဲ့ကြပါတယ်။ထိုလူသုံးဦးတွင် တစ်ဦးမှာ ရဲဖြစ်ပြီး နောက်တစ်ဦးမှာ စစ်သားတစ်ဦးဖြစ်ကာ ကျန်တစ်ဦးသည် ပြည်သူပင်ဖြစ်ပေသည်။

သူတို့သုံးဦးဟာ ကြောင်ကလေးကို ရေထဲမနစ်သွားစေရန်အတွက် တစ်ဦးကိုတစ်ဦး အကူအညီပေးရင်းဖြင့် ကယ်ဆယ်ခဲ့ကြပါတယ်။ထိုမြင်ကွင်းလေးဟာ အခြားမြင်ရသူများအဖို့ အလွန်ပင် စိတ်ကြည်နူးဖွယ်ကောင်းမည်မှာ အသေအချာပင် ဖြစ်ပေသည်။

Shoon (Cele Daily)

  • Leave a Comment