




Shoon (Cele Daily)

Unicode

အခန်းထဲတွင် ရှိနေသော ဇနီးသည်အား အိပ်ရာနိုးလာသည့်အချိန်တွင် ရုတ်တရက် သတိမေ့ပြီး ဘယ်သူလဲဟု မေးမြန်းခဲ့သည့် ခင်ပွန်းသည်၏အဖြစ်

စာဖတ်သူတို့၏ ပတ်ဝန်းကျင်တွင်ရော ကိစ္စတစ်ခုခုကို သတိမေ့ပြီး အလွဲလွဲအမှားမှားဖြစ်သွားသည့်လူကို တွေ့ဖူးလိမ့်မည်ထင်ပေသည်။ယခုတွင်လည်း အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသားတစ်ဦးကတော့ မိန်းမယူထားပြီးပြီကို သတိမေ့သွားသောကြောင့် ခေါင်းမကွဲသည်ပင် ကံကောင်းသွားခဲ့ရပါတယ်။

အင်ဒိုနီးရှားမှ အမျိုးသားဟာ သူအိပ်ရာနိုးလာသည့်အချိန်တွင် အခန်းထဲ၌ မိန်းကလေးတစ်ဦး မတ်တပ်ရပ်နေသည်ကို တွေ့ရှိခဲ့ရသည့်အတွက် လန့်သွားခဲ့ရပါတယ်။

ထို့နောက် အမျိုးသမီးအား ဘယ်သူလဲဟုဆိုကာ အခန်းထဲမည်သို့ရောက်လာသလဲဟု မေးမြန်းခဲ့ပါတယ်။အမျိုးသမီးကလည်း နင့်မိန်းမ မဟုတ်ဘူးလားဟု မေးလိုက်သောအခါမှသာ အမျိုးသားဟာ သူ၏ဇနီးမှန်း မှတ်မိသွားခဲ့ပါတယ်။

ထို့နောက်မှသာ ဇနီးဖြစ်သူကို ရုတ်တရက်မေ့သွားခဲ့ကြောင်း အနူးအညွှတ်တောင်းပန်ရပါတော့တယ်။တောင်းပန်တာ စောသွားလို့ ခေါင်းမကွဲတာဟု ထင်မှတ်မိပါတယ်။

Shoon (Cele Daily)

  • Leave a Comment