Shoon (Cele Daily)
Unicode
အချစ်ရဆုံးသော ကြောင်ကလေး သေဆုံးသွားသောကြောင့် သူငယ်ချင်းဖြစ်သူကို video callခေါ်ပြီး ရင်ဖွင့်ကာ ယူကြုံးမရငိုကြွေးခဲ့သည့် ကောင်လေး
လူသားများဟာ တိရိစ္ဆာန်အမျိုးမျိုးတို့ကို အဖော်ရရှိရန်ဖြစ်စေ အိမ်စောင့်ပေးနိုင်ရန်ဖြစ်စေ တိရိစ္ဆာန်လေးများကို မွေးမြူတတ်ကြသည်။
လူတို့တွင် ကြင်နာတတ်သော နှလုံးသားလေးရှိကြပြီး တိရိစ္ဆာန်များကိုလည်း မြင်တွေ့လိုက်သည်နှင့် မခွဲခြားဘဲ အချစ်ပိုသူများလည်း ရှိပေသည်။တိရိစ္ဆာန်လေးများအား မချစ်တတ်သော သူများပင် အချိန်ကြာလာလျှင် သံယောဇဥ်တွယ်ကာ အချစ်ပိုလာတတ်ကြပေသည်။
ယခုတွင်လည်း ကောင်လေးတစ်ဦးဟာ သူအရမ်းချစ်ရသည့် ကြောင်လေးကို ၂နှစ်ကြာ မွေးမြူလာခဲ့ပြီး အတူတနေထိုင်ခဲ့ပါတယ်။နောက်ပိုင်းတွင် ကြောင်လေးဟာ နာမကျန်ဖြစ်လာခဲ့သဖြင့် ဆေးခန်းများကို သွားပြခဲ့ရပြီး စောင့်ရှောက်ကုသပေးခဲ့ရပါတယ်။
သို့သော်လည်း ကြောင်လေးဟာ ပြန်လည်နေကောင်းလာခြင်းမရှိဘဲ ဆုံးပါးသွားခဲ့ရပါတယ်။ထို့ကြောင့် ကောင်လေးဟာ မခံစားနိုင်ဘဲ သူငယ်ချင်းဖြစ်သူကို video callခေါ်ကာ အော်ဟစ် ငိုကြွေးနေခဲ့ပါတယ်။
ဒီအဖြစ်ကို သူငယ်ချင်းဖြစ်သူက အမိအရရိုက်ကူးထားပြီး လိုင်းပေါ်တင်ခဲ့ရာ လူအများက ကောင်လေး၏ ခံစားချက်ကို ဂရုဏာသက်ခဲ့ကြပါတယ်။
Shoon (Cele Daily)