တရုပ်နိုင်ငံ henanပြည်န်ာမှ ဆေးရုံတစ်ခုတွင် အမျိုးသားတစ်ဦးသည် ရောဂါအဆင့် နောက်ဆုံးအဆင့်ဖြစ်နေသော ချစ်သူနှင့် လက်ထပ်ပွဲလေးကို ဝမ်းနည်းကြေကွဲစွာ ကျင်းပခဲ့သည်။
Shoon (Cele Daily)
Unicode
ကင်ဆာရောဂါကို အရှုံးပေးရတော့မည့် ချစ်သူကို နောက်ဆုံးအချိန်မတိုင်ခင်လေး မင်္ဂလာပွဲကျင်းပကာ လက်ထပ်ခဲ့သည့် သစ္စာရှင်အမျိုးသား
အမှန်တကယ် ချစ်မြတ်နိုးသော ချစ်သူစုံတွဲများအဖို့ ခွဲခွာရခြင်းဆိုသော အခိုက်အတန့်သည် အလွန်ပင်ခံးစားရသော အချိန်လေးပင်ဖြစ်သည်။
တရုပ်နိုင်ငံ henanပြည်နာ်မှ ဆေးရုံတစ်ခုတွင် အမျိုးသားတစ်ဦးသည် ရောဂါအဆင့် နောက်ဆုံးအဆင့်ဖြစ်နေသော ချစ်သူနှင့် လက်ထပ်ပွဲလေးကို ဝမ်းနည်းကြေကွဲစွာ ကျင်းပခဲ့သည်။
ထိုအမျိုးသား၏ ချစ်သူကောင်မလေးဟာ အသက်၂၇နှစ်အရွယ် ရှိနေပြီဖြစ်ပြီး လွန်ခဲ့သော လေးလခန့်က စေ့စပ်ခဲ့ကြပြီးနောက်တွင် ကင်ဆာရောဂါမှ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။
ထို့နောက်မှ ချစ်သူကောင်မလေးဟာ ရောဂါကို မခုခံနိုင်တော့မှန်း ရိပ်မိခဲ့သောကြောင့် အမျိုးသားဟာ ဆေးရုံအခန်းလေးထဲတွင် ချစ်သူကောင်မလေးကို လက်ထပ်ပြီး သစ္စာရှိမှုကို ပြသခဲ့ခြင်းဖြစ်သည်။
ကောင်မလေးမှာလည်း လက်ထပ်ပြီး နာရီပိုင်းအကြာတွင် ရောဂါကို လုံးဝအရှုံးပေးပြီး ကောင်လေးကို နှုတ်ဆက်သွားခဲ့ကြောင်း ဝမ်းနည်းဖွယ် ကြားသိခဲ့ရသည်။
Shoon (Cele Daily)