




ထို့နောက်တွင် ကလေးငယ်၏ စိတ်ဆိုးနေသော ရုပ်ပုံးလေးဟာ လိုင်းပေါ်တွင် ရေးပန်စားလာခဲ့ပြီး မွေးဖွားပြီးပြီးချင်းပင် နာမည်ကျော်လာခဲ့သည်။

Shoon (Cele Daily)

Unicode

မိခင်ဝမ်းထဲက ထွက်လာသည်နှင့် မွေးဖွားပေးသော ဆရာဝန်ကို ငိုယိုခြင်းမရှိဘဲ စိတ်ဆိုးဒေါသထွက်နေသော မျက်နှာဖြင့် ကြည့်နေခဲ့သည့် မွေးကင်းစကလေးမလေး

ဘရားဇီးနိုင်ငံ ရီယိုဒီဂျနေမြို့ ရှိဆေးရုံတွင် မွေးဖွားခဲ့သော ကလေးငယ်တစ်ဦး၏ မွေးကင်းစ ပုံရိပ်များသည် လိုင်းပေါ်တွင် အလွန်ရေပန်းစားလာခဲ့ပါတယ်။

ကလေးများသည် မိခင်ဝမ်းထဲက စထွက်ပြီဆိုသည်နှင့် ကလေးတို့သည် အော်ငိုကြပြီး ကမ္ဘာလောကကြီးကို စတင်မိတ်ဆက်တတ်ကြပေသည်။

ယခုကလေးသည်ကတော့ အလွန်ထူးဆန်းစွာဖြင့် မိခင်ဝမ်းထဲမှ ထွက်သည်နှင့် ကလေးငယ်သည် ငိုယိုနေခြင်းမရှိခဲ့ပေ။

မွေးဖွားပေးသော ဆရာဝန်ကိုသာ ဇိမ်ကျနေရာမှ အိပ်ရေးပျက်သွားသောကြောင့် စိတ်ဆိုးနေသော မျက်နှာဖြင့် စိုက်ကြည့်နေခဲ့သည်။

ဆရာဝန်ဟာလည်း ကလေးငယ်ကို ကျန်းမားရေးကောင်းမွန်ခြင်းရှိမရှိ စစ်ဆေးပြီး ချက်ကြိုးကို ဖြတ်ပေးလိုက်သော အခါမှသာ ကလေးငယ်ဟာ အော်ငိုသွားခဲ့ရပါတယ်။

ထ်ို့နောက်တွင် ကလေးငယ်၏ စိတ်ဆိုးနေသော ရုပ်ပုံးလေးဟာ လိုင်းပေါ်တွင် ရေးပန်စားလာခဲ့ပြီး မွေးဖွားပြီးပြီးချင်းပင် နာမည်ကျော်လာခဲ့သည်။

Shoon (Cele Daily)

  • Leave a Comment