Shoon (Cele Daily)
Unicode
အချစ်စစ်တွင် ငွေကြေးနှင့် ဂုဏ်ပကာသနတို့သည် လုံးဝအရေးမကြီးကြောင်းကို ပြသခဲ့ကြသည့် တက္ကစီဒရိုင်ဘာနှင့် နိုင်ငံကျော် မော်ဒယ်တို့၏ အချစ်ဇာတ်လမ်း
အချစ်တစ်ခုကို ငွေကြေးအဆင့်အတန်းတစ်ခုကြောင့် လက်လွှတ်ဆုံးရှုံးရတော့မည်ဟု တွေးတောနေသူများအဖို့ ယခုအကြောင်းအရာလေးကြောင့် စိတ်အားငယ်မှုများ ပြေပျောက်သွားစေနိုင်ပါတယ်။
နာမည်ကြီးနေသော မော်ဒယ်မလေးတစ်ဦးဟာ တက္ကစီမောင်းနေသော ဒရိုင်ဘာတစ်ဦးနှင့် စစ်မှန်သော အချစ်စစ်ဖြင့် လက်တွဲနိုင်မည်ဟု ထင်မှတ်မိကျလိမ့်မည်မဟုတ်ပေ။
ထိုင်းနိုင်ငံမှ အသက်၂၂နှစ်အရွယ် မော်ဒယ်မလေးသည် တက္ကစီဒရိုင်ဘာကောင်လေးနှင့် တရားဝင်ချစ်သူများအဖြစ် လူမှုကွန်ယက်မှတစ်ဆင့် ချပြခဲ့သည်။မော်ဒယ်မလေး၏ ကောင်လေးသည် တက္ကစီမောင်းရာမှ တစ်ရက်လျှင် ထိုင်းငွေ ဘတ်၅၀၀မျှသာ ရရှိနေသည်။
မော်ဒယ်မလေးသည် ငွေကြေးနှင့် အခြားအရာများသည် သူမအတွက် အရေးမပါဘဲ လျစ်သူကောင်လေး၏ စစ်မှန်သော အချစ်စစ်သည်သာ အရေးကြီးကြောင်းနှင့် သူ၏ဝင်ငွေကို ဂရုစိုက်နေမည်မဟုတ်ဟုပင် ပြောကြားသွားခဲ့သည်။
Shoon (Cele Daily)