အရင္ဘဝက ခ်စ္သူမ်ားျဖစ္သည္ဟူေသာ မိဘမ်ား၏ ယုံၾကည္မႈေၾကာင့္ အသက္၅ႏွစ္အ႐ြယ္တြင္ မိဘမ်ားကေပးစား၍ လက္ထပ္ခဲ့ၾကရသည့္ အမႊာေလးႏွစ္ဦး

ကမာၻႀကီးတြင္ ဆန္းၾကယ္ေသာ အေၾကာင္းအရာမ်ားစြာဟာ အၿမဲတမ္းၾကားျမင္ရေနရၿပီး ယခုကိစၥေလးသည္မွာ ထိုင္းႏိုင္ငံတြင္ ျဖစ္ေပၚခဲ့ေသာ ကိစၥေလးပင္ျဖစ္သည္။လူမ်ိဳးစုတိုင္းတြင္ ယုံၾကည္မႈအမ်ိဳးမ်ိဳးရွိၾကၿပီး လူတိုင္းသည္ ယုံၾကည္မႈႏွင့္သာ ေလ်ာက္လွမ္းေနၾကျခင္းျဖစ္ေပသည္။

ယခုတြင္ ထိုင္းႏိုင္ငံမွ မိဘႏွစ္ဦးသည္ သူတို႔၏ အမႊာသားသမီးႏွစ္ဦးကို လြဲမွားေနေသာ ယုံၾကည္မႈတစ္ခုေၾကာင့္ လက္ထပ္ေပးကာ မဂၤလာပြဲေလးကို အတင္းအၾကပ္ စီစဥ္ခဲ့ၾကသည္။

မိဘႏွစ္ဦးတို႔သည္ အမႊာသားသမီးႏွစ္ဦးကို ေရွးဘဝက ခ်စ္သူမ်ားျဖစ္သည္ဟု ယုံၾကည္ခဲ့ၾကၿပီး ခ်စ္ျခင္းကိုခြဲျခင္းသည္ မေကာင္းေသာအလုပ္ဟု ယူဆခဲ့ေသာေၾကာင့္ျဖစ္ေပသည္။

အမႊာႏွစ္ဦးအား လက္ထပ္ေပးျခင္းမရွိဘဲ ခြဲထားပါက ဖ်ားနာမႈမ်ားျဖစ္လာတတ္သည္ဟု ယုံၾကည္ေနခဲ့ၾကသည္။သူတို႔သည္ မဂၤလာပြဲေလးကို က်င္းပခဲ့ၾကၿပီး အျခားမည္သူကမွ် အသိအမွတ္ျပဳျခင္းမရွိဘဲ က်င္းပခဲ့ျခင္းျဖစ္သည္။

Shoon (Cele Daily)

Unicode

အရင်ဘဝက ချစ်သူများဖြစ်သည်ဟူသော မိဘများ၏ ယုံကြည်မှုကြောင့် အသက်၅နှစ်အရွယ်တွင် မိဘများကပေးစား၍ လက်ထပ်ခဲ့ကြရသည့် အမွှာလေးနှစ်ဦး

ကမ္ဘာကြီးတွင် ဆန်းကြယ်သော အကြောင်းအရာများစွာဟာ အမြဲတမ်းကြားမြင်ရနေရပြီး ယခုကိစ္စလေးသည်မှာ ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ကိစ္စလေးပင်ဖြစ်သည်။လူမျိုးစုတိုင်းတွင် ယုံကြည်မှုအမျိုးမျိုးရှိကြပြီး လူတိုင်းသည် ယုံကြည်မှုနှင့်သာ လျောက်လှမ်းနေကြခြင်းဖြစ်ပေသည်။

ယခုတွင် ထိုင်းနိုင်ငံမှ မိဘနှစ်ဦးသည် သူတို့၏ အမွှာသားသမီးနှစ်ဦးကို လွဲမှားနေသော ယုံကြည်မှုတစ်ခုကြောင့် လက်ထပ်ပေးကာ မင်္ဂလာပွဲလေးကို အတင်းအကြပ် စီစဥ်ခဲ့ကြသည်။

မိဘနှစ်ဦးတို့သည် အမွှာသားသမီးနှစ်ဦးကို ရှေးဘဝက ချစ်သူများဖြစ်သည်ဟု ယုံကြည်ခဲ့ကြပြီး ချစ်ခြင်းကိုခွဲခြင်းသည် မကောင်းသောအလုပ်ဟု ယူဆခဲ့သောကြောင့်ဖြစ်ပေသည်။

အမွှာနှစ်ဦးအား လက်ထပ်ပေးခြင်းမရှိဘဲ ခွဲထားပါက ဖျားနာမှုများဖြစ်လာတတ်သည်ဟု ယုံကြည်နေခဲ့ကြသည်။သူတို့သည် မင်္ဂလာပွဲလေးကို ကျင်းပခဲ့ကြပြီး အခြားမည်သူကမျှ အသိအမှတ်ပြုခြင်းမရှိဘဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

Shoon (Cele Daily)

  • Leave a Comment