ညအခ်ိန္ လမ္းေဘးတြင္ရပ္ေနေသာ ရဲေမကို ျပည့္တန္ဆာထင္မွတ္ၿပီး ပိုက္ဆံကုန္သြားေသာေၾကာင့္ ဟမ္ဘာဂါျဖင့္ ေငြေပးေခ်မည္ဟုဆိုကာ ေစ်းညႇိသည့္အမ်ိဳးသား အဖမ္းခံရ

ကမာၻေပၚတြင္ အမွားအလြဲမ်ားစြာျဖင့္သာ အသားက်ေနေသာ လူအနည္းငယ္ရွိသည္ကို သင္တို႔ပတ္ဝန္းက်င္တြင္ သတိျပဳမိမည္ဟု ထင္ပါသည္။အခ်ိဳ႕လူမ်ားသည္ တစ္ခုခုကို တစ္ေန႔တစ္မ်ိဳးမ႐ိုးရေအာင္ အမွားလုပ္မွသာ ေနသာထိုင္သာရွိသည္ဟုပင္ ထင္မွတ္ရေလာက္ေပသည္။

ယခုတြင္လည္း အေမရိကန္ျပည္ေထာင္စုတြင္ အမ်ိဳးသားတစ္ဦး၏ အလြဲလုပ္ပုံကေတာ့ ကိုယ့္နဖူးကိုျပန္႐ိုက္လွ်င္ပင္ အဆင္မေျပႏိုင္ေတာ့ေပ။အသက္၃၆ႏွစ္အ႐ြယ္ရွိ အမ်ိဳးသားဟာ ညအခ်ိန္တြင္ ဟမ္ဘာဂါဝယ္ယူၿပီး အိမ္သို႔ျပန္လာခဲ့ပုံရပါသည္။

ထို႔ေနာက္တြင္ လမ္းေဘးတစ္ေနရာ၌ရွိေနေသာ အမ်ိဳးသမီးကို ရဲဟုမထင္မွတ္ပဲ ထင္မွတ္ပုံလြဲမွားကာ ေဟာ္တယ္ေခၚဖို႔ ႀကိဳးစားခဲ့ပါတယ္။အမ်ိဳးသားဟာ ေဟာ္တယ္ေခၚရာတြင္လည္း ေစ်းကို ေငြေၾကးျဖင့္မေပးေခ်ဘဲ ဟမ္ဘာဂါျဖင့္ေပးေခ်ရန္ညႇိႏႈိင္းခဲ့ပါေသးသည္။

ထို႔ေနာက္တြင္ေတာ့ ရဲေမအမ်ိဳးသမီးဟာ အမ်ိဳးသားအား အသာအယာဖမ္းဆီးကာ ရဲစခန္းကို ေခၚေဆာင္သြားပါေတာ့တယ္။

Shoon (Cele Daily)

Unicode

ညအချိန် လမ်းဘေးတွင်ရပ်နေသော ရဲမေကို ပြည့်တန်ဆာထင်မှတ်ပြီး ပိုက်ဆံကုန်သွားသောကြောင့် ဟမ်ဘာဂါဖြင့် ငွေပေးချေမည်ဟုဆိုကာ စျေးညှိသည့်အမျိုးသား အဖမ်းခံရ

ကမ္ဘာပေါ်တွင် အမှားအလွဲများစွာဖြင့်သာ အသားကျနေသော လူအနည်းငယ်ရှိသည်ကို သင်တို့ပတ်ဝန်းကျင်တွင် သတိပြုမိမည်ဟု ထင်ပါသည်။အချို့လူများသည် တစ်ခုခုကို တစ်နေ့တစ်မျိုးမရိုးရအောင် အမှားလုပ်မှသာ နေသာထိုင်သာရှိသည်ဟုပင် ထင်မှတ်ရလောက်ပေသည်။

ယခုတွင်လည်း အမေရိကန်ပြည်ထောင်စုတွင် အမျိုးသားတစ်ဦး၏ အလွဲလုပ်ပုံကတော့ ကိုယ့်နဖူးကိုပြန်ရိုက်လျှင်ပင် အဆင်မပြေနိုင်တော့ပေ။အသက်၃၆နှစ်အရွယ်ရှိ အမျိုးသားဟာ ညအချိန်တွင် ဟမ်ဘာဂါဝယ်ယူပြီး အိမ်သို့ပြန်လာခဲ့ပုံရပါသည်။

ထို့နောက်တွင် လမ်းဘေးတစ်နေရာ၌ရှိနေသော အမျိုးသမီးကို ရဲဟုမထင်မှတ်ပဲ ထင်မှတ်ပုံလွဲမှားကာ ဟော်တယ်ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။အမျိုးသားဟာ ဟော်တယ်ခေါ်ရာတွင်လည်း စျေးကို ငွေကြေးဖြင့်မပေးချေဘဲ ဟမ်ဘာဂါဖြင့်ပေးချေရန်ညှိနှိုင်းခဲ့ပါသေးသည်။

ထို့နောက်တွင်တော့ ရဲမေအမျိုးသမီးဟာ အမျိုးသားအား အသာအယာဖမ်းဆီးကာ ရဲစခန်းကို ခေါ်ဆောင်သွားပါတော့တယ်။

Shoon (Cele Daily)

  • Leave a Comment