Shoon (Cele Daily)
Unicode
ဆုတဆိပ်ဆုချခြင်းခံခဲ့ရသည့် ကျောင်းသားလေးတစ်ဦး၏ ကျောင်းမတတ်ချင်သောကြောင့် ထွက်ပြေးနေသည့် ချစ်စဖွယ် ဗီဒီယိုဖိုင်လေး
သားသားမီးမီး ကလေးငယ်တို့သည် အသက်အရွယ်အားဖြင့် အလွန်ငယ်ရွယ်သေးပြီး လူ့လောကအကြောင်းကို နားလည်သဘောမပေါက်နိုင်သေးပေ။ကလေးတို့သည် ဆော့ကစားခြင်းကိုသာ ခုံမင်ကြပြီး ပျော်ပျော်နေတတ်ကြသည်။ကလေးတို့သဘာဝ ပညာသင်ကြားရန် စေခိုင်းလျှင် ကျောင်းမတတ်ကြဘဲ ငိုးယိုနေတတ်ကြသည်။
ယခုတွင်လည်း လူ့လောကထဲတွင် မျက်နှာပွင့်လန်းစွာနေထိုင်နိုင်ရန်အတွက် ကလေးငယ်သည် စာပေပညာများကို သင်ကြားရမည့် အရွယ်သို့ ရောက်ရှိလာခဲ့သည်။
ထို့ကြောင့် ကလေးကို ကျောင်းသို့ပို့သောအခါ ကလေးငယ်သည် ကျောင်းမသွားချင်သောကြောင့် ထွက်ပြေးနေသည့် ဗီဒီယိုဖိုင်တစ်ခုသည် လူအများ၏ သဘောကျခြင်းကို ခံနေရသည်။ဗီဒီယိုဖိုင်ထဲတွင် ကလေးငယ် ထွက်ပြေးသွားသည်ကို လိုက်မမှီသည့် အတွက်ဆိုင်ကယ်နှင့်ပင် လိုက်ဖမ်းခဲ့ရသည်။
ထို့နောက်တွင် ကလေးငယ်၏ အပြုအမူအား သဘောကျသော လူတစ်ဦးက ဆုတစ်ဆိပ်နှင့် ပန်းစီးများပေးကာ ဆုချသွားခဲ့သည်။
Shoon (Cele Daily)