



Shoon (Cele Daily)

Unicode

နှင်းများအထပ်ထပ်ဖုံးလွှမ်းနေသော တောတောင်၏ ရာသီဥတုကို ဖြတ်ကျော်ကာ ဖျားနေသော ခွေးကလေးကို ကျောပိုးပြီး တိရိစ္ဆာန်ဆရာဝန်ဆီ အရောက်ပိုပေးခဲ့သည့် ကောင်မလေး

ကလေးငယ်များ၏ စိတ်ထားသည် အလွန်ဖြူစင်ရိုးသားလှပြီး အမဲစက်ကင်းစင်နေသော အဖြူရောင် မေတ္တာပိုင်ရှင်များပင်ဖြစ်ပေသည်။ယခုတွင်လည်း တူရီကီနိုင်ငံရှိ ကျေးရွာတစ်ရွာမှ ကလေးမလေးတစ်ဦး၏ ဖြူစင်သော မေတ္တာသည် ကမ္ဘာတစ်ခုလုံး၏ နှလုံးသားများကို သိမ်းပိုက်နိုင်ခဲ့သည်။

တူရကီနိုင်ငံမှ ကလေးမလေး၏ ခွေးကလေးသည် အလွန်ဖျားနာနေပြီး သူမ၏ ဒေသသည် ကျေးရွာဖြစ်သောကြောင့် ခွေးကလေးအား ဆေးကုသပေးရန် ဆရာဝန်မရှိဖြစ်နေခဲ့သည်။ထိုစဥ် ကောင်မလေး၏ရွာသို့ နွားများ၏ ကျန်းမာရေးကို စစ်ဆေးရန်အတွက် တိရိစ္ဆာန်ဆရာဝန်တစ်ဦး လာရောက်ခဲ့သည်။

ဆရာဝန်ရောက်လာသည့်သတင်းကို ကြားသိရသောအခါ ကောင်မလေးသည် သူ၏ဖျားနေသော ခွေးကလေးကို ကျောတွင်ပိုးထားပြီး ဆရာဝန်ဆီသို့ အရောက်သွားခဲ့သည်။ကောင်မလေးသည် လမ်းတစ်ခုလုံးကို နှင်းများဖုံးလွမ်းနေပြီး ကြမ်းတမ်းလှသော ရာသီဥတုကို အံတုကာ ဆရာဝန်ဆီကို အရောက်သွားနိုင်ခဲ့သည်။

Shoon (Cele Daily)

  • Leave a Comment