




Shoon (Cele Daily)

Unicode

ဇနီးဖြစ်သူ၏ ဖိနပ်အား ဝေဖန်ရာမှ စကားများကြပြီးနောက် ကိုယ်တိုင်ဇနီးဖိနပ်အားစီးပြီးနောက် ခံစားခဲ့ရသည့် ခင်ပွန်းဖြစ်သူ၏ သနားစရာ ဝေဒနာလေး

ဇနီးမယားတိုင်းသည် ပျော်ရွှင်စွာဖြင့် ဘဝကို ဖြတ်သန်းလိုကြပြီး အပူအပင်မရှိစွာဖြင့် ဘဝကို ဖြတ်သန်းလိုကြသည်မှာ မိသားစုတိုင်း၏ ရည်မှန်းချက်ပင်ဖြစ်သည်။တစ်ခါတစ်လေတွင် ဇနီးမယားတို့သည်လည်း စိတ်အခန့်မသင့်သည့်အချိန်ကို ကြုံတွေ့တတ်သော်လည်း သည်းခံပြီး နားလည်ပေးနိုင်မှသာလျှင် အဆင်ပြေသော ဘဝလေးကို ရရှိနိုင်ကြမည်ဖြစ်ပေသည်။

ယခုအခါတွင်လည်း စပိန်နိုင်ငံမှ ဇနီးနှင့်ခင်ပွန်းတို့၏ စိတ်အခန့်မသင့်သောကြောင့် စကားများကြသောကြောင့် ဖြစ်ပေါ်လာခဲ့သော ကိစ္စသည် အခြားသူများအဖို့ ရယ်စရာဖြစ်နေခဲ့ရသည်။

ခင်ပွန်းဖြစ်သူဟာ ဇနီးစီးသော ဖိနပ်ကို ဝေဖန်ရာမှ စတင်စကားများခဲ့ကြသည်။ထို့နောက်တွင် ဇနီးဖြစ်သူဟာ သူစီးသောဖိနပ်ကို စီးကြည့်ရန်အတွက် ပြောဆိုခဲ့ပါတယ်။

ခင်ပွန်းဟာလည်း ဇနီး၏ ဖိနပ်ကိုစီးပြီး အလုပ်ကိုသွားရောက်လုပ်ကိုင်ခဲ့ပါတယ်။ဖိနပ်အနည်းငယ်ကြာအောင် စီးပြီးသည့်အခါတွင် ခင်ပွန်းဖြစ်သူဟာ ခြေထောက်နာကျင်တဲ့ဒဏ်ကို အတော်လေးခံစားခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment