ခ်စ္သူေကာင္မေလးက ေပးလိုက္ေသာ အနမ္းတစ္ပြင့္ေၾကာင့္ ေဆး႐ုံတတ္လိုက္ရသည့္ ကံအဆိုးဆုံးေသာ အမ်ိဳးသား

ခ်စ္သူစုံတြဲမ်ားတြင္ အနမ္းေပးျခင္းဆိုသည္မွာ မထူးဆန္းလွေသာ အရာတစ္ခုပင္ ျဖစ္သည္။ခ်စ္သူစုံတြဲမ်ားသာမကဘဲ အျခားလူမ်ားတြင္လည္း အနမ္းေလးေပးၿပီး အားေပးတတ္ၾကသည္။တ႐ုပ္ႏိုင္ငံမွ အမ်ိဳးသားတစ္ဦးသည္ ကမာၻေပၚတြင္ ကံအဆိုးဆုံးဟုဆိုႏိုင္ေသာ မေတာ္တဆတစ္ခုကို အနမ္းတစ္ပြင့္ေၾကာင့္ ရရွိခဲ့ပါသည္။

အေၾကာင္းမွာ တ႐ုပ္အမ်ိဳးသားသည္ သူ၏ ေကာင္မေလးျဖစ္သူႏွင့္ ခ်ိန္းေတြ႕သည့္အခါတြင္ ခ်စ္သူေကာင္မေလးက ခ်စ္သူအမ်ိဳးသား၏နားကို အနမ္းတစ္ပြင့္ေပးခဲ့ျခင္းျဖစ္သည္။ထိုအနမ္းေပးလိုက္သည့္အခ်ိန္တြင္ အမ်ိဳးသား၏နားသည္ မခံမရက္ႏိုင္ေအာင္ နာက်င္သြားခဲ့ၿပီး ေနာက္ဆုံးတြင္ ေဆး႐ုံအထိေျပးခဲ့ရျခင္းျဖစ္သည္။

ေဆး႐ုံေရာက္ေသာအခါတြင္လည္း ဆရာဝန္အား အျဖစ္အပ်က္ကို ေျပာျပရန္ရွက္ေနခဲ့ၿပီး ဆရာဝန္မွ သုံးေလးလာေမးမွသာလွ်င္ ရွက္႐ြံစြာျဖင့္ ေျပာျပလာခဲ့ျခင္းျဖစ္သည္။

ထိုအမ်ိဳးသားဟာ အနမ္းေပးလိုက္သည့္အခ်ိန္တြင္ အခန္႔မသင့္ဘဲ မေတာ္တဆျဖစ္ကာ နားစည္အား ထိခိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Shoon (Cele Daily)

Unicode

ချစ်သူကောင်မလေးက ပေးလိုက်သော အနမ်းတစ်ပွင့်ကြောင့် ဆေးရုံတတ်လိုက်ရသည့် ကံအဆိုးဆုံးသော အမျိုးသား

ချစ်သူစုံတွဲများတွင် အနမ်းပေးခြင်းဆိုသည်မှာ မထူးဆန်းလှသော အရာတစ်ခုပင် ဖြစ်သည်။ချစ်သူစုံတွဲများသာမကဘဲ အခြားလူများတွင်လည်း အနမ်းလေးပေးပြီး အားပေးတတ်ကြသည်။တရုပ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် ကမ္ဘာပေါ်တွင် ကံအဆိုးဆုံးဟုဆိုနိုင်သော မတော်တဆတစ်ခုကို အနမ်းတစ်ပွင့်ကြောင့် ရရှိခဲ့ပါသည်။

အကြောင်းမှာ တရုပ်အမျိုးသားသည် သူ၏ ကောင်မလေးဖြစ်သူနှင့် ချိန်းတွေ့သည့်အခါတွင် ချစ်သူကောင်မလေးက ချစ်သူအမျိုးသား၏နားကို အနမ်းတစ်ပွင့်ပေးခဲ့ခြင်းဖြစ်သည်။ထိုအနမ်းပေးလိုက်သည့်အချိန်တွင် အမျိုးသား၏နားသည် မခံမရက်နိုင်အောင် နာကျင်သွားခဲ့ပြီး နောက်ဆုံးတွင် ဆေးရုံအထိပြေးခဲ့ရခြင်းဖြစ်သည်။

ဆေးရုံရောက်သောအခါတွင်လည်း ဆရာဝန်အား အဖြစ်အပျက်ကို ပြောပြရန်ရှက်နေခဲ့ပြီး ဆရာဝန်မှ သုံးလေးလာမေးမှသာလျှင် ရှက်ရွံစွာဖြင့် ပြောပြလာခဲ့ခြင်းဖြစ်သည်။

ထိုအမျိုးသားဟာ အနမ်းပေးလိုက်သည့်အချိန်တွင် အခန့်မသင့်ဘဲ မတော်တဆဖြစ်ကာ နားစည်အား ထိခိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Shoon (Cele Daily)

  • Leave a Comment