Shoon (Cele Daily)
Unicode
လူသားအားလုံး၏ နှလုံးသားကို အရည်ပျော်သွားစေခဲ့သော ဦးနှောက်နှင့် ခြေလက်များသေနေသည့် အဖိုးအိုတစ်ဦး၏ မွေးနေ့ပွဲလေးမှကျသော မျက်ရည်များ
လူတိုင်းတွင် ခံစားတတ်သော နှလုံးသားလေးရှိတတ်ပြီး ထိုနှလုံးကြောင့်ပင် ဝမ်းနည်းမှု ပျော်ရွှင်မှုတို့ကို ဖြစ်ပေါ်စေတတ်သည်ပင်ဖြစ်သည်။ယခုတွင်လည်း ဦးနှောက်သေဆုံးနေသော လူတစ်ဦးထံမှ ဝမ်းသားပျော်ရွင်စွာဖြင့် နှလုံးသားလေးမှ ခံစားမိပြီး မျက်ရည်များ ကျဆင်းလာမည်ဟု အည်သူမျှ ထင်မှတ်ထားမည် မဟုတ်ပေ။
စင်္ကာပူနိုင်ငံမှ အသက်၆၃နှစ်အရွယ်ရှိ အဖိုးသည် ဦးနှောက်အပြင် ခြေလက်များပါ သေဆုံးနေပြီး ဆရာဝန်များ၏ ကုသစောင့်ရှောက်မှုဖြင့် အသက်ရှင်နေရသူဖြစ်သည်။
ဆရာဝန်များက ထိုအဖိုးအိုကို ၆၃နှစ်ပြည့်မွေးအဖြစ် မွေးနေ့ကိတ်လေးလုပ်ပေးခဲ့ကြသည်။ထို့နောက် မွေးနေ့သီချင်းလေးကို သီဆိုလိုက်သောအခါ အဖိုးသည် မျက်ရည်များစီးကျလာခဲ့ပြီး နှလုံးသားလေးနှင် ခံစားမိခဲ့ပုံရပေသည်။
ထိုသို့သော အဖြစ်အပျက်လေးသည် အခြားသူများက မြင်တွေ့ရသောအခါ စိတ်နှလုံးမခိုင်နိုင်ဘဲ ဝမ်းနည်းစွာ ခံစားမိမည်မှာ အသေအချာပင်ဖြစ်သည်။
Shoon (Cele Daily)