




Shoon (Cele Daily)

Unicode

တစ်ကမ္ဘာလုံးကို အားကျပြီး ကြည်နူးဖွယ်အတိဖြစ်စေခဲ့သည့် လူပုလေးနှစ်ဦး၏ ရိုမန်တစ်ဆန်ဆန် မင်္ဂလာပွဲလေး

မင်္ဂလာပွဲဆိုသည်မှာ ချစ်သူစုံတွဲတို့၏ ဘဝတွင် မှတ်ကျောက်တင်ရသည့် အထင်ကရ နေ့ကလေးပင်ဖြစ်သည်။တစ်ဦးနှင့်တစ်ဦး သစ္စာရှိစွာဖြင့် သက်ဆုံးတိုင်ပေါင်းဖက်သွားမည်ဟု တစ်ယောက်နှင့်တစ်ယောက်ကတိတွေ အထပ်ထပ်ပေးရင်း ဇနီးမယားအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။

ဗီယက်နမ်နိုင်ငံမှ မင်္ဂလာပွဲလေးသည် လူပေါင်းထောင်ချီတတ်ရောက်ပြီးအားပေးခဲ့ကြအထိ စည်ကားလွန်းခဲ့ပေသည်။ထိုမင်္ဂလာပွဲလေးမှာ အရပ်၃ပေ၉လက်မရှိသော အသက်၃၁နှစ်အရွယ် အမျိုးသားနှင့် အရပ်၃ပေ၇လက်မရှိသော အသက်၃၀အရွယ် အမျိုးသမီးတို့၏ မင်္ဂလာပွဲလေးပင် ဖြစ်ပေသည်။

သူတို့နှစ်ဦးသည် ဘဝ၏ အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး မင်္ဂလာပွဲကို ကြီးကျာ်ခမ်းနားစွာ ကျင်းပနိုင်ခဲ့ကြသည်။

မင်္ဂလာပွဲသည် အလွန်စည်ကားလွန်လှပြီး ပွဲတော်ကြီးတစ်ခုလိုပင် ဖြစ်နေကာ မသန်စွမ်းသူများအပါအဝင် လူပေါင်းထောင်ချီတတ်ရောက်အားပေးခဲ့ပြီး အခြားမြင်ရသူများအဖို့ အလွန်အားကျစေနိုင်လောက်ပေသည်။

Shoon (Cele Daily)

  • Leave a Comment