




Shoon (Cele Daily)

မမျှော်လင့်ထားသော ရောဂါတစ်ခုကြောင့် မျက်လုံးတစ်ဖက်စီ ဆုံးရှုံးခဲ့ရသော်လည်း တစ်ကမ္ဘာလုံး၏အချစ်ကို သိမ်းပိုက်ခဲ့သည့် ကြောင်ကလေး

လူသားတို့သည် တိရိစ္ဆာန်ပေါင်းများစွာကို အဖော်အဖြစ်လည်းကောင်း အလှအနေဖြင့်လည်းကောင်း မွေးမြူတတ်ကြသည်။ထိုသို့မွေးမြူကြသည့် တိရစ္ဆာန်များထဲတွင် ချစ်စဖွယ်ကောင်းသော ကြောင်ကလေးများသည်လည်း အပါအဝင်ပင်ဖြစ်သည်။

ယခုတွင် နေအိမ်တစ်အိမ်၌ မွေးထားသော ညီအကိုကြောင်ကလေးနှစ်ကောင်သည် မျက်လုံးတစ်ဖက်စီ ဆုံးရှုံးခဲ့ရလေသည်။ကြောင်လေးနှစ်ကောင်သည် အခြားနေရာမှ ရရှိလာသော ကူးစက်ရောဂါတစ်ခုကြောင့် မျက်လုံးများအား ပျက်စီးစေခဲ့ပါသည်။

ထို့ကြောင့် အိမ်ရှင်များက တိရိစ္ဆာန်ဆရာဝန်ထံသို့ သွားရောက်ကာ ပြသခဲ့ကြရပြီး ဆရာဝန်က မျက်လုံးများသည် ပြင်းထန်စွာထိခိုက်နေသောကြောင့် ခွဲထုတ်ရန် အကြံပေးခဲ့သည်။.ထို့ကြောင့် ကြောင်လေးနှစ်ကောင်ကို ခွဲစိတ်ခဲ့ရပြီး မျက်လုံးတစ်လုံးစီ ဆုံးရှုံးခဲ့ရသည်။

ထို့သို့သော ကြောင်နှစ်ကောင်ပုံလေးများကို သခင်ဖြစ်သူမှ လိုင်းပေါ်တွင် တင်ခဲ့ပြီးနောက်တွင် လူအများ၏ ချစ်ခင်မှုကို အထူးရရှိခဲ့ကြသည်။

Shoon (Cele Daily)

  • Leave a Comment