Shoon (Cele Daily)
Unicode
တောမီးငြိမ်းသတ်ရန်အတွက် ၁၁ရက်ကြာသည်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြန်ရောက်လာသည့် ဖခင်ကြီးကို အပြေးအလွှားကြိုဆိုကြသည့် သမီးလေးနှစ်ဦး၏ ချစ်စဖွယ် အမူရာ
သားသမီးတို့သည် မိဘများအား မမြင်တွေ့ရလျှင် အမြဲရှာဖွေနေတတ်ပြီး ဖခင်ဖြစ်သူ အလုပ်ကိစ္စတစ်ခုခုကြောင့် ခရီးထွက်သည့် အခါမျိုးတွင် သားသမီးတို့က မျှော်နေတတ်ကြသည်။
ယခုတွင်လည်း သြစတေးလျမှ မီးသတ်သမားကြီးတစ်ဦးသည် မီးငြိမ်းသတ်ရန် တာဝန်တစ်ခုကြောင့် အိမ်ကိုမပြန်ရဘဲ ၁၁ရက်အထိ ကြာမြင့်ခဲ့သည်။
မီးသတ်သမားတို့သည် တိုင်းပြည်၏ မီးဘေးအန္တာရာယ်ကို ကာကွယ်နိုင်ရန်အတွက် အသက်အန္တရာယ်များကို ဂရုမစိုက်ဘဲ ဆောင်ရွက်ပေးနေသူများဖြစ်သည်။
သြစတေးလျနိုင်ငံတွင် တောမီးများ လောင်ကျွမ်းနေသောကြောင့် မီးသတ်သမားများသည် ၁၁ရက်ကြာအောင်ငြိမ်းသတ်ခဲ့ရသည်။
မီးသတ်သမားတစ်ဦးသည်လည်း ၁၁ရက်ကြာမှ အိမ်သို့ပြန်ရသဖြင့် သားသမီးများကလည်း ဖခင်ကို မျှော်လင့်နေခဲ့ကြသည်။
မီးသတ်သမား၏ သမီးနှစ်ဦးသည် ဖခင်ဖြစ်သူ ပြန်လာသည်ကို သိလိုက်ရသောအခါ အလွန်ပျော်ရွင်သွားခဲ့ပြီး ဖိနပ်ပင်မစီးပဲ ဖခင်ကို ပြေး၍ကြိုဆိုသော ဗီဒီယိုလေးသည် အလွန်ကြည်နူးဖွယ်ကောင်းနေပေသည်။
Shoon (Cele Daily)