




Shoon (Cele Daily)

Unicode

မြို့သို့သွားရောက်ကာ မိတ်ကပ်ပညာများကို သင်ယူပြီးသည့်နောက်တွင် မွေးရပ်မြေကျေးရွာသို့ ပြန်လာကာ ရုပ်ဆိုးသောသူငယ်ချင်းများကို မိတ်ကပ်အလကားပြင်ပေးခဲ့သည့် အမျိုးသမီး

စစ်မှန်သော သူငယ်ချင်းများသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အကူအညီပေးရင်း အခက်အခဲများကို ဖြေရှင်းတတ်ကြသည်။အမှန်တကယ် ခင်မင်ရင်းနှီးသူများသည် သူငယ်ချင်း၏ အခက်အခဲကို အမြဲကြည့်ပေးတတ်ပြီး ကူညီဖြေရှင်းပေးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားပေးတတ်သည်။

ယခုတွင်လည်း တရုပ်နိုင်ငံမှ အသက်၃၂နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ သူငယ်ချင်းများအပေါ်သိတတ်မှုသည် အလွန်ပင် လေးစားဖွယ်ကောင်းနေပေသည်။တရုတ်အမျိုးသမီးသည် သူ၏သူငယ်ချင်းများသည် အကုန်းလုံးလိုလို ရုပ်ဆိုးနေသောကြောင့် စိတ်မချမ်းမြေ့နိုင်ဘဲ ဖြစ်နေခဲ့သည်။

ထို့ကြောင့်သူမသည် မြို့သို့တတ်ရောက်ကာ မိတ်ကပ်ပညာများကို သင်ကြားခဲ့ပြီး မိတ်ကပ်ပညာရှင်အဆင့်ထိရောက်အောင် ကြိုးစားခဲ့သည်။မိတ်ကပ်ပညာပြည့်စုံသည့်နောက်တွင် သူမသည် ရွာသို့ပြန်လာခဲ့ပြီး ရုပ်ဆိုးသော သူငယ်ချင်းများအားလုံးကို မိတ်ကပ် အလကားပြင်ပေးခဲ့ပါသည်။

စာဖတ်သူတို့၏ သူငယ်ချင်းများတွင်လည်း ရုပ်ဆိုးတဲ့လူများပါဝင်နေခဲ့လျှင် ယခုတရုပ်အမျိုးသမီးကဲ့သို့ လုပ်ဆောင်ပေးလိုက်ပါလို့ အကြံပေးချင်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment