Shoon (Cele Daily)
Unicode
ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် ခင်ပွန်းဖြစ်သူကို တောင်အာဖရိကတွင် သစ်ကုလားအုတ်တစ်ကောင်ကို အမဲလိုက်ကာ လက်ဆောင်ပေးခဲ့သည့် အမျိုးသမီး
တောရိုင်းတိရိစ္ဆာန်များကို လူသားတို့အနေဖြင့် သတ်ဖြတ်ခြင်းမရှိဘဲ ကိုယ်တိုင်ပါဝင်ကာ ထိန်းသိမ်းစောင့်ရှောက်သင့်ပေသည်။
တောရိုင်းတိရိစ္ဆာန်များသည် မှောက်မောက်ကာလတွင် စားကျက်မြေများရှားပါးလာကာ အသက်ရှင်နေထိုင်ရန်အတွက်ပင် အလွန်ပင်ခက်ခဲလာကြပြီဖြစ်သည်။
ထိုသို့သော တောရိုင်းတိရိစ္ဆာန်များထဲမှ သစ်ကုလားအုတ်ကဲ့သို့သော မျိုးစိတ်တစ်ကောင်ကို သတ်ဖြတ်ကာ ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် လက်ဆောင်ပေးသည်ဆိုသော သတင်းကို ကြားသိရသူများအနေဖြင့် အလွန်ဒေါသထွက်မိမှာ သေချာပေသည်။
တောင်အာဖရိက တောထဲတွင် အသက်၃၂အရွယ် အမျိုးသမီးတစ်ဦးသည် သစ်ကုလားအုတ်တစ်ကောင်အား အမဲလိုက်ကာ ခင်ပွန်းဖြစ်သူအား ချစ်သူများနေ့အမှတ်တရအဖြစ် လက်ဆောင်ပေးခဲ့ပါတယ်။
ထို့အပြင် သူမဟာ အမဲလိုက်ရရှိလာသော သစ်ကုလားအုတ်နှင့်အတူ ဓာတ်ပုံရိုက်ကာ လူမှုမီဒီယာတွင် တင်ခဲ့သောကြောင့် အလွန်ပင် ဝေဖန်ခံနေရပါတယ်။
Shoon (Cele Daily)