Shoon (Cele Daily)
Unicode
သူငယ်ချင်းဖြစ်သူ lymphomaရောဂါကို ခံစားရပြီးနောက် ဆံပင်များဆုံးရှုံးသွားသောကြောင့် စိတ်ဓာတ်မကျစေရန် ကိုယ်တိုင် ကတုံးလိုက်တုံးပြီး စိတ်ဓာတ်မြှင့်တင်ပေးခဲ့သည့် ကောင်မလေး
လူတိုင်းတွင် ဘဝအတွက် ဆိုးတူကောင်းဖက် အကုန်လုံးကို လိုက်လံခံစားပေးတတ်သော သူငယ်ချင်း တစ်ယောက်တော့ ရှိတတ်ကြသည်။
ယခုတွင်လည်း အချစ်ဆုံးသော သူငယ်ချင်းနှစ်ဦး၏ အပြန်အလှန်ခံစားပေးမှုသည် အလွန်ပင် ဂရုဏာသက်ဖွယ် ကောင်းလှပါသည်။
မိန်းကလေးတို့အတွက် ဆံပင်သည် အလွန်အရေးပါလှပြီး ဆံပင်မရှိလျှင် မိန်းကလေးတို့သည် ၈၀ရာခိုင်နှုန်းအထိ ယုံကြည်မှုပျောက်ဆုံးတတ်သည်ဟု ပညာရှင်များက ဆိုထားကြသည်။
သို့သော်လည်း အသက်၁၉နှစ်အရွယ်သာရှိသေးသည် ကောင်မလေးအတွက်တော့ ဆံပင်သည် သူငယ်ချင်းဖြစ်သူလောက် အရေးမပါခဲ့ပေ။
သူမ၏ သူငယ်ချင်းဖြစ်သူသည် lymphomaရောဂါကိုခံစားခဲ့ရပြီးနောက်တွင် ဆံပင်များကို ဆုံးရှုံးသွားသောကြောင့် စိတ်အားငယ်ကာ ဝမ်းနည်းနေမည်ကို စိုးရိမ်နေခဲ့သည်။
ထို့ကြောင့်သူမသည်လည်း ဆံပင်များကို လိုက်လံဖယ်ရှားပစ်ခဲ့ပြီး သူငယ်ချင်းဖြစ်သူကို စိတ်ဓာတ်မြှင့်တင်ပေးခဲ့ပါသည်။
Shoon (Cele Daily)