လူအခ်ိဳ႕သည္ ေအးခဲလြန္းေသာ ရာသီဥတုေၾကာင့္ လက္မ်ား ေျခေထာက္မ်ား ေအးခဲသြားၿပီး အနည္းငယ္ လႈပ္မရသည့္ အျဖစ္မ်ိဳးကို ရာသီဥတုေအးေသာ ေဒသတြင္ ေနထိုင္သူမ်ား ခံစားဖူၾကေပလိမ့္မည္။
တစ္ခါတစ္ေလတြင္ ရာသီဥတုေအးလြန္း၍ စကားေျပာရန္ အဆင္မေျပျခင္းမ်ိဳး ျဖစ္သြားတတ္ေပသည္။
ယခုတြင္ေတာ့ တ႐ုပ္ႏိုင္ငံမွ အမ်ိဳးသမီးတစ္ဦးသည္ ရာသီဥတုေအးေသာေၾကာင့္ မဟုတ္ဘဲ ပါးစပ္ပိတ္မရျဖစ္ကာ စကားေျပာရန္ မရႏိုင္ဘဲျဖစ္ေနခဲ့သည္။ထိုအမ်ိဳးသမီးသည္ တ႐ုပ္ ႏိုင္ငံ၏ ရထားတစ္စီးေပၚတြင္ ခရီးသြားေနရင္း သေဘာက်ေသာ အရာတစ္ခုေၾကာင့္ အရယ္လြန္သြားခဲ့ၿပီး ပါးစပ္မွာ ပိတ္မရဘဲ ျဖစ္သြားကာ ဒုကၡေရာက္ခဲ့ပါသည္။
ထိုအခ်ိန္တြင္ အမ်ိဳးသမီးသည္ ကံေကာင္းစြာျဖင့္ ေဆးတကၠသိုလ္မွ ဆရာဝန္ တစ္ဦးသည္လည္း ခရီးတစ္ခုသြားရန္ ရထားစီးလာေသာေၾကာင့္ ကုသမႈခံယူႏိုင္ခဲ့သည္။
စာဖတ္သူတို႔ ပတ္ဝန္းက်င္တြင္လည္း အေၾကာင္းတစ္ခုျဖစ္လွ်င္ အားရပါးရ ရယ္တတ္သူမ်ားရွိေနမည္ဟု ယုံၾကည္မိသည္။
Shoon (Cele Daily)
Unicode
အမြန်ရထားတစ်စီးပေါ်တွင် အားရပါးရရယ်မောရာမှ ပါးစပ်ပိတ်မရတော့ဘဲ မေးရိုးခိုင်သွားခဲ့သဖြင့် စကားပြောမရတော့ဘဲ ဒုက္ခရောက်ခဲ့ရသည့် အမျိုးသမီး
လူအချို့သည် အေးခဲလွန်းသော ရာသီဥတုကြောင့် လက်များ ခြေထောက်များ အေးခဲသွားပြီး အနည်းငယ် လှုပ်မရသည့် အဖြစ်မျိုးကို ရာသီဥတုအေးသော ဒေသတွင် နေထိုင်သူများ ခံစားဖူကြပေလိမ့်မည်။
တစ်ခါတစ်လေတွင် ရာသီဥတုအေးလွန်း၍ စကားပြောရန် အဆင်မပြေခြင်းမျိုး ဖြစ်သွားတတ်ပေသည်။
ယခုတွင်တော့ တရုပ်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ရာသီဥတုအေးသောကြောင့် မဟုတ်ဘဲ ပါးစပ်ပိတ်မရဖြစ်ကာ စကားပြောရန် မရနိုင်ဘဲဖြစ်နေခဲ့သည်။ထိုအမျိုးသမီးသည် တရုပ် နိုင်ငံ၏ ရထားတစ်စီးပေါ်တွင် ခရီးသွားနေရင်း သဘောကျသော အရာတစ်ခုကြောင့် အရယ်လွန်သွားခဲ့ပြီး ပါးစပ်မှာ ပိတ်မရဘဲ ဖြစ်သွားကာ ဒုက္ခရောက်ခဲ့ပါသည်။
ထိုအချိန်တွင် အမျိုးသမီးသည် ကံကောင်းစွာဖြင့် ဆေးတက္ကသိုလ်မှ ဆရာဝန် တစ်ဦးသည်လည်း ခရီးတစ်ခုသွားရန် ရထားစီးလာသောကြောင့် ကုသမှုခံယူနိုင်ခဲ့သည်။
စာဖတ်သူတို့ ပတ်ဝန်းကျင်တွင်လည်း အကြောင်းတစ်ခုဖြစ်လျှင် အားရပါးရ ရယ်တတ်သူများရှိနေမည်ဟု ယုံကြည်မိသည်။
Shoon (Cele Daily)