လြန္ခဲ့ေသာ ၁၅ႏွစ္ခန္႔ ကေလးဘဝက ခ်ိဳ႕တဲ့ေသာလစာေငြေလးျဖင့္ ဂိမ္းစက္ဝယ္ေပးခဲ့ေသာ ဦးေလးျဖစ္သူကို အ႐ြယ္ေရာက္လာေသာအခါ ကားတစ္စီးျပန္လည္ဝယ္ေပးခဲ့သည့္ ေက်းဇူးသိတတ္ေသာေကာင္ေလး

လူတိုင္းတြင္ ေပ်ာ္႐ြင္ဖြယ္ေကာင္းေသာ ကေလးဘဝ အတိတ္ပုံရိပ္မ်ားစြာရွိတတ္ၾကသည္။အတိတ္ပုံရိပ္မ်ားထဲတြင္ ဘဝတစ္ခုလုံးကို အမွတ္ရေစမည့္ ျဖစ္ရပ္ေလး ရွိတတ္ၾကသည္။လူတိုင္းတြင္ အၿမဲအမွတ္ရေနေသာ ကေလးဘဝတစ္ခုကို ပိုင္ဆိုင္ထားၾကေပသည္။

ယခုတြင္လည္း တ႐ုပ္ႏိုင္ငံမွ အသက္၂၆ႏွစ္အ႐ြယ္ေကာင္ေလးတစ္ဦးသည္ ေအာင္ျမင္ေသာ စီးပြားေရးလုပ္ငန္ရွင္ ကုမၸဏီပိုင္ရွင္တစ္ဦးျဖစ္လာေသာ္လည္း ငယ္ဘဝကို လုံးဝမေမ့ဘဲရွိေနခဲ့သည္။

ထိုေကာင္ေလးသည္ ငယ္စဥ္ဘဝက ေငြေၾကးအနည္းငယ္ခ်ိဳ႕တဲ့ခဲ့သျဖင့္ ကေလးဘဝ ဂိမ္းေဆာ့ခ်င္ေသာ္လည္း ေငြေၾကးမရွိသျဖင့္ ဦးေလးျဖစ္သူမွ လစာအခ်ိဳ႕ျဖင့္ ဂိမ္းစက္ေလးတစ္ခုကို ဝယ္ေပးခဲ့ရသည္။

ထို႔ေၾကာင့္ ေကာင္ေလးသည္ သူေဌးတစ္ဦးျဖစ္လာၿပီးေနာက္တြင္ ဦးေလးျဖစ္သူအား ငယ္ဘဝ လြန္ခဲ့ေသာ၁၅ႏွစ္ခန္႔က ေက်းဇူးကို သိတတ္ေသာအားျဖင့္ ကားတစ္စီးဝယ္ေပးၿပီး ေက်းဇူးဆပ္ခဲ့သည္။

Shoon (Cele Daily)

Unicode

လွန်ခဲ့သော ၁၅နှစ်ခန့် ကလေးဘဝက ချို့တဲ့သောလစာငွေလေးဖြင့် ဂိမ်းစက်ဝယ်ပေးခဲ့သော ဦးလေးဖြစ်သူကို အရွယ်ရောက်လာသောအခါ ကားတစ်စီးပြန်လည်ဝယ်ပေးခဲ့သည့် ကျေးဇူးသိတတ်သောကောင်လေး

လူတိုင်းတွင် ပျော်ရွင်ဖွယ်ကောင်းသော ကလေးဘဝ အတိတ်ပုံရိပ်များစွာရှိတတ်ကြသည်။အတိတ်ပုံရိပ်များထဲတွင် ဘဝတစ်ခုလုံးကို အမှတ်ရစေမည့် ဖြစ်ရပ်လေး ရှိတတ်ကြသည်။လူတိုင်းတွင် အမြဲအမှတ်ရနေသော ကလေးဘဝတစ်ခုကို ပိုင်ဆိုင်ထားကြပေသည်။

ယခုတွင်လည်း တရုပ်နိုင်ငံမှ အသက်၂၆နှစ်အရွယ်ကောင်လေးတစ်ဦးသည် အောင်မြင်သော စီးပွားရေးလုပ်ငန်ရှင် ကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်လာသော်လည်း ငယ်ဘဝကို လုံးဝမမေ့ဘဲရှိနေခဲ့သည်။

ထိုကောင်လေးသည် ငယ်စဥ်ဘဝက ငွေကြေးအနည်းငယ်ချို့တဲ့ခဲ့သဖြင့် ကလေးဘဝ ဂိမ်းဆော့ချင်သော်လည်း ငွေကြေးမရှိသဖြင့် ဦးလေးဖြစ်သူမှ လစာအချို့ဖြင့် ဂိမ်းစက်လေးတစ်ခုကို ဝယ်ပေးခဲ့ရသည်။

ထို့ကြောင့် ကောင်လေးသည် သူဌေးတစ်ဦးဖြစ်လာပြီးနောက်တွင် ဦးလေးဖြစ်သူအား ငယ်ဘဝ လွန်ခဲ့သော၁၅နှစ်ခန့်က ကျေးဇူးကို သိတတ်သောအားဖြင့် ကားတစ်စီးဝယ်ပေးပြီး ကျေးဇူးဆပ်ခဲ့သည်။

Shoon (Cele Daily)

  • Leave a Comment