






Shoon (Cele Daily)

Unicode

ချစ်ခြင်းမေတ္တာ စစ်မှန်မှုကို စမ်းသပ်နိုင်ရန်အတွက် လက်ကိုချိန်းကြိုးဖြင့်ချိတ်ပြီး သော့ခတ်ကာ ၃လတိတိလက်တွဲမဖြုတ်ဘဲ စမ်းသပ်ခဲ့ကြသည့် စုံတွဲ

ချစ်သူစုံတွဲများတွင် အပြန်အလှည်နားလည်မှုနှင့်အတူ ယုံကြည်မှု သစ္စာရှိမှု အရာရာခွင့်လွတ်သည်းခံပေးမှသာလျှင် ပျော်ရွင်သော အချစ်ခရီးလမ်းကို လျှောက်လှမ်းနိုင်မည်ဖြစ်သည်။

ချစ်သူစုံတွဲများတွင် တစ်ဦးနှင့်တစ်ဦးယုံကြည်မှုစွာ လက်တွဲသွားသင့်ပြီး ချစ်သူမဖြစ်ခင်မှပင် တစ်ယောက်အကြောင်းကို တစ်ယောက်လေ့လာပြီးမှသာ ချစ်သူအဖြစ်သို့ ခရီးဆက်သင့်သည်။

ယခုတွင် ယူကရိန်းနိုင်ငံမှ အလက်ဇန်းဒါးနှင့် ဗစ်တိုးရီးယားတို့ စုံတွဲနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အချစ်စစ်မှန်မှုကို စမ်းသပ်နိုင်ရန် ကြိုးစားခဲ့ကြပါသည်။

သူတို့စုံတွဲနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် လက်ခြင်းချိန်ကာ ချိန်းကြိုးဖြင့် သော့ခတ်ခဲ့ကြပြီး အမြဲတမ်း လက်တွဲမဖြတ်ဘဲ အတူတူနေထိုင်ခဲ့ကြသည်။

ချစ်သူနှစ်ဦးတို့သည် သွားအတူ လာအတူ စားအတူ အိမ်သာတတ်လည်းအတူတူ မည်သည့်အချိန်တွင်ဖြစ်ပါစေ အတူတူရှိနေရန် လက်ခြင်းချိတ်လားခဲ့ကြသည်။

စုံတွဲနှစ်ဦးသည် ယခုဆိုလျှင် လက်ခြင်းချိတ်ထားသည်မှာ သုံးလကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အချစ်မေတ္တာ စစ်မှန်မှုကို စမ်းသပ်နေဆဲဖြစ်ပေသည်။

Shoon (Cele Daily)

  • Leave a Comment