





Shoon (Cele Daily)

Unicode

ဒေါ်လာ၁၃သန်းတန်ဖိုးရှိသော နေအိမ်ကို ရောင်းချပြီး မိသားစုတစ်ခုလုံးကို ကမ္ဘာအနှံလိုက်ပို့ပေးပြီး အချိန်ပေးခဲ့သည့် ဖခင်တစ်ဦး၏ မေတ္တာ

ကမ္ဘာပေါ်တွင် များစွာသောလူတို့သည် ဘဝသက်တမ်းတစ်လျောက်လုံးကို ရည်မှန်းချက်အမျိုးမျိုးအတွက် ရုန်းကန်လှုပ်ရှားနေကြရပေသည်။

မိသားစုတစ်ခု၏ အိမ်ထောင်ဦးစီးများဆိုလျှင် ပိုမို၍ပင် ကြိုးစားရုန်းကန်ကြရပေသည်။မိသားစု၏ စားဝတ်နေရေးနှင့် သားသမီးများ၏ အနာဂတ်အတွက် ကြိုးစားနေကြရပြီး မိသားစုကို အချိန်မပေးရန် မေ့နေတတ်ကြသည်။

ယခုတွင်လည်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မြောက်ပိုင်းတွင်နေထိုသော အမျိုးသားတစ်ဦးသည် တိုတောင်းသော လူ့ဘဝထဲတွင် မိသားစုကို အချိန်ပေးနိုင်ရန်အတွက် အလုပ်များကိုထွက်ပြီး အချိန်ပေးခဲ့သည်။

အင်္ဂလန်နိုင်ငံမှ အမျိုးသားသည် လူ့ဘဝထဲတွင် ငွေကြေးသည် အလွန်အရေးမပါဘဲ ကျန်းမာခြင်းနှင့် ပျော်ရွှင်ခြင်းသည်သာလျှင် အဓိကကျကြောင်းနားလည်းလာခဲ့ပြီးနောက်တွက် မိသားစုနှင့်အတူ ၁၈လကြာ ကမ္ဘာပတ်ကာ အချိန်ပေးခဲ့ခြင်းဖြစ်သည်။

ထိုအမျိုးသားသည် အလုပ်ထွက်ပြီး မိသားစုနေအိမ်ကို ၁၃သန်းဖြင့်ရောင်းချကာ မိသားစုနှင့်အတူ ကမ္ဘာအနှံသို့ခရီးသွားခဲ့ပြီး မိသားစုကို အချိန်ပေးခဲ့သည်။

Shoon (Cele Daily)

  • Leave a Comment