Shoon (Cele Daily)
Unicode
နဂါးတစ်ကောင်ကဲ့သို့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်နိုင်စေရန်အတွက် သိန်းပေါင်းများစွာ အကုန်အကျခံကာ တတ်တူးထိုးပြီး ပြုပြင်ပြောင်းလဲခဲ့သည့် အသက်၃၂နှစ်အရွယ် အမျိုးသား
ယခု၂၁ရာစုတွင် ကမ္ဘာပေါ်ရှိ အမျိုးသားများ သာမက အမျိုးသမီးတော်တော်များသည် တတ်တူးထိုးခြင်းကို နှစ်သက်လာကြပေသည်။လူငယ်အများစုဟာ တတ်တူးထိုးခြင်းဖြင့် လှပသော အသွင်အပြင်နှင့်အတူ စွဲဆောင်မှုပိုမိုရှိလာကြသည်ဟု ထင်မှတ်လာခဲ့ပေသည်။
ယခုတွင် အသင်၃၂နှစ်အရွယ်ရှိပြီဖြစ်သော အမျိုးသားတစ်ဦးဟာ တတ်တူးထိုးခြင်းကို အလွန်နှစ်သက်သဘောကျသူဖြစ်သည်။ထိုအမျိုးသားဟာ နဂါးတစ်ကောင်ကဲ့သို့ ရုပ်ရည်အသွင်အပြင်ကို ရရှိလိုသောကြောင့် ပိုက်ဆံများစွာကို အကုန်အကျခံကာ ပြုပြင်ပြောင်းလဲခဲ့ပါသည်။
အမျိုးသားသည် နာရီပေါင်း၅၀ကျော်ကြာအောင် ပြုပြင်ပြောင်းလဲခဲ့ရပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုပါ နဂါးကဲ့သို့ အကြေးခွံပုံစံများ တတ်တူးထိုးခဲ့ပြီး ကျောပေါ်တွင်လည်း နဂါးပုံစံ တောင်ပံတို့ကိုပါ တတ်တူးထိုးခဲ့ပေသည်။
အသက်၃၂နှစ်အရွယ် အမျိုးသားသည် အလွန်အန္တရယ်များသော မျက်လုံးကိုပါ နဂါးမျက်လုံးနှင့်တူစေရန် ထိုးသွင်းပြောင်းလဲခဲ့သေးသည်။
Shoon (Cele Daily)