





Shoon (Cele Daily)

Unicode

အိမ်တစ်ခုကို ဖောက်ထွင်းရန်ကြိုးစားစဥ် နေအိမ်အတွင်းရှိ ခွေးနှစ်ကောင်ကြောင့် အသက်ဘေးမှလွတ်မြောက်ရန် အိမ်ခေါင်ပေါ်တတ်ပြေးခဲ့ရသည့် ကံအဆိုးဆုံးသခိုး

လူ့လောကကြီးထဲတွင် လူသားတို့သည် ဘဝကို အဆင်ပြေစွာဖြင့် ဖြတ်သန်းနိုင်ရန် အလုပ်မျိုးစုံကို လုပ်ကိုင်ကာ ကြိုးစားနေကြရပေသည်။

လူသားအချို့သည် ကံတရားကြောင့် သက်သာစွာလုပ်ကိုင်ရသူနှင် ပင်ပန်းစွာလုပ်ကိုင်ရသူဟူ၍သာ ကွာခြားသွားပြီး လူမှန်လျှင် အလုပ်တစ်ခုတော့ ရှိတတ်ကြသည်။

သို့သော် အချို့လူသားများသည် ဘဝကို အလွယ်လိုက်ကာ ခိုးယူ၍ဖြတ်သန်းနိုင်ရန် ရွံရှာဖွယ် အလုပ်ကို လုပ်ကိုင်တတ်ကြသည်။ယခုတွင် သူခိုးတစ်ဦးသည် နေအိမ်တစ်ခုကို ခိုးယူနိုင်ရန် ဝင်ရောက်သွားစဥ် အိမ်ထဲ၌မွေးထားသော ခွေးနှစ်ကောင်ကြောင့် ကံဆိုးသွားခဲ့ရပါသည်။

ခွေးနှစ်ကောင်သည် အလွန်ဆိုးသွင်းလှသဖြင့် သူခိုးသည် အိမ်ခေါင်ပေါ်အထိရောက်အောင် တတ်ပြေးခဲ့ရပြီး အောက်ပြန်မဆင်းရဲပဲ ရှိနေခဲ့ပါသည်။ထိုအခါ အိမ်ရှင်ဖြစ်သူဟာလည်း သူခိုးကို တွေ့ရှိသွားပြီး ရဲကိုဖုန်းဆက်ကာ အကြောင်းကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာလည်း သူခိုးကို အိမ်ခေါင်ပေါ်သို့ ခက်ခက်ခဲခဲတတ်ကာ ဖမ်းယူခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment