အခ်စ္တစ္ခုအတြက္ ပင္လယ္ေတြ ေတာင္တန္းေတြျခားနားထားတဲ့ ဂ်ာမနီႏိုင္ငံထိ ကားတစ္စီးျဖင့္ စြန္႔စားကာ သြားေရာက္ေတြ႕ဆုံခဲ့သည့္ မေလးရွားႏိုင္ငံက အမ်ိဳးသားတစ္ဦး

လူသားတိုင္းသည္ အခ်စ္ကိုေတြ႕ရွိၾကေသာ္လည္း အခ်ိဳ႕သည္ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ လက္လႊတ္ခဲ့ရၾကသူမ်ားလည္း ရွိေပသည္။မေလးရွားႏိုင္ငံမွ အမ်ိဳးသားတစ္ဦးကေတာ့ အခ်စ္ကို ေဝးကြားေသာေၾကာင့္ မဆုံဆည္းႏိုင္ျခင္းမ်ိဳး မျဖစ္ေပၚေစရန္ အားကုန္ထုတ္ ႀကိဳးပမ္းခဲ့ေပသည္။

မည္မွ်ပင္ ေဝကြာေနပါေစ အခ်စ္စစ္မွန္လွ်င္ တစ္ေန႔ေတာ့ ဆုံဆည္းၾကရမည္ဟုေသာ စကားလည္း ရွိေပသည္။သို႔ေသာ္ ေတြ႕ဆုံႏိုင္ရန္ ႀကိဳးစားေနမွသာလွ်င္ ဆုံဆည္းႏိုင္မည္ျဖစ္သည္။မေလးရွားႏိုင္ငံမွ အမ်ိဳးသားဟာ လိုင္းေပၚမွ ေတြ႕ဆုံခဲ့ေသာ ဂ်ာမနီႏိုင္ငံမွ ခ်စ္သူျဖစ္သူႏွင့္ ဆုံဆည္းႏိုင္ရန္ ကားတစ္စီးျဖင့္ ပင္လယ္မ်ား ေတာေတာင္မ်ားကို ေက်ာ္ျဖတ္ကာ သြားေရာက္ခဲ့ပါသည္။

ထိုအမ်ိဳးသားဟာ ဂ်ာမနီႏိုင္ငံထိ ကားျဖင့္သြားႏိုင္ရန္ ႏိုင္ငံတြင္းရွိ ကားကုမၸဏီမ်ားကို အကူအညီေတာင္းခံခဲ့ၿပီး ရက္ေပါင္း၉၀ေက်ာ္ၾကာေအာင္ ခရီးႏွင္ခဲ့ရျခင္းျဖစ္သည္။အမ်ိဳးသားသည္ ထိုင္း၊တ႐ုပ္၊မြန္ဂိုလီးယား၊လက္ဗီးယား၊႐ုရွား အစရွိေသာႏိုင္ငံေပါင္းမ်ားစြာကို ျဖတ္သန္းကာ သြားေရာက္ခဲ့ျခင္းျဖစ္သည္။

Shoon (Cele Daily)

Unicode

အချစ်တစ်ခုအတွက် ပင်လယ်တွေ တောင်တန်းတွေခြားနားထားတဲ့ ဂျာမနီနိုင်ငံထိ ကားတစ်စီးဖြင့် စွန့်စားကာ သွားရောက်တွေ့ဆုံခဲ့သည့် မလေးရှားနိုင်ငံက အမျိုးသားတစ်ဦး

လူသားတိုင်းသည် အချစ်ကိုတွေ့ရှိကြသော်လည်း အချို့သည် အခြေအနေအမျိုးမျိုးကြောင့် လက်လွှတ်ခဲ့ရကြသူများလည်း ရှိပေသည်။မလေးရှားနိုင်ငံမှ အမျိုးသားတစ်ဦးကတော့ အချစ်ကို ဝေးကွားသောကြောင့် မဆုံဆည်းနိုင်ခြင်းမျိုး မဖြစ်ပေါ်စေရန် အားကုန်ထုတ် ကြိုးပမ်းခဲ့ပေသည်။

မည်မျှပင် ဝေကွာနေပါစေ အချစ်စစ်မှန်လျှင် တစ်နေ့တော့ ဆုံဆည်းကြရမည်ဟုသော စကားလည်း ရှိပေသည်။သို့သော် တွေ့ဆုံနိုင်ရန် ကြိုးစားနေမှသာလျှင် ဆုံဆည်းနိုင်မည်ဖြစ်သည်။မလေးရှားနိုင်ငံမှ အမျိုးသားဟာ လိုင်းပေါ်မှ တွေ့ဆုံခဲ့သော ဂျာမနီနိုင်ငံမှ ချစ်သူဖြစ်သူနှင့် ဆုံဆည်းနိုင်ရန် ကားတစ်စီးဖြင့် ပင်လယ်များ တောတောင်များကို ကျော်ဖြတ်ကာ သွားရောက်ခဲ့ပါသည်။

ထိုအမျိုးသားဟာ ဂျာမနီနိုင်ငံထိ ကားဖြင့်သွားနိုင်ရန် နိုင်ငံတွင်းရှိ ကားကုမ္ပဏီများကို အကူအညီတောင်းခံခဲ့ပြီး ရက်ပေါင်း၉၀ကျော်ကြာအောင် ခရီးနှင်ခဲ့ရခြင်းဖြစ်သည်။အမျိုးသားသည် ထိုင်း၊တရုပ်၊မွန်ဂိုလီးယား၊လက်ဗီးယား၊ရုရှား အစရှိသောနိုင်ငံပေါင်းများစွာကို ဖြတ်သန်းကာ သွားရောက်ခဲ့ခြင်းဖြစ်သည်။

Shoon (Cele Daily)

  • Leave a Comment