Shoon (Cele Daily)
Unicode
PUBGဆော့ကစားရာမှ ဖူးစာဆုံပြီး လက်ထပ်ခဲ့ကြသည့် မလေးရှားနိုင်ငံမှ မသန်စွမ်းမိန်းမလှလေးနှင့် ကောင်လေးငယ်တို့၏ စစ်မှန်သော အချစ်ဇာတ်လမ်း
ယခုမျက်မှောက်ခေတ်ကာလတွင် လူကြီးလူငယ်အကုန်လုံးသည် ဖုန်းများကို အသုံးပြုတတ်လာကြပြီး အချိန်တော်တော်များကို ဖုန်းအသုံးပြုခြင်းဖြင့် ကုန်ဆုံးနေတတ်ကြသည်။
လူငယ်အများစုသည် ဖုန်းဖြင့်ဆော့ရသော ဂိမ်းများကို စွဲလမ်းတတ်လာကြပေသည်။ဂိမ်းများကို အလွန်အကျွံဆော့ခြင်းသည် ကျန်းမာရေးများကို ထိခိုက်တတ်သောကြောင့် သတိပြုသင့်သည်။တန်လျှင်ဆေး လွန်လျှင်ဘေးဖြစ်နိုင်ပေသည်။
ယခုတွင် မလေးရှားနိုင်ငံမှ ကောင်မလေးတစ်ဦးသည် PUBGဆော့ကစားခြင်းကြောင့် စစ်မှန်သော ချစ်ခြင်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပေသည်။ကောင်မလေးသည် PUBGဆော့ကစားရာမှ ကောင်လေးတစ်ဦးနှင့် သိကျွမ်းခဲ့ကြပြီး ချစ်သူအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။
ကောင်မလေးသည် ခြေထောက်မသန်စွမ်းသော်လည်း ကောင်လေးဖြစ်သူမှ ဂရုမစိုက်ဘဲ အမှန်တကယ်လက်ထပ်ကာ ချစ်ခြင်းတရားသည် စစ်မှန်ကြောင်း သက်သေပြခဲ့ကြပေသည်။
Shoon (Cele Daily)