ရည္စားရွာတဲ့appမွတစ္ဆင့္ သမီးအျပင္ အေမျဖစ္သူကိုပါ တစ္ၿပိဳင္တည္း ဖြန္ေၾကာင္မိသည့္ ေကာင္ေလး

သင္တို႔သူငယ္ခ်င္း ေဘာ္ဒါထဲမွာေရာ လိုင္းေပၚက ေတြ႕ရာလူအကုန္နဲ႔ ဖြန္လိုက္ေၾကာင္တတ္တဲ့လူရွိလိမ့္မယ္ထင္ပါတယ္။ဟုတ္ပါသည္။ သူငယ္ခ်င္းအခ်ိဳ႕ဟာ အပ်င္းေျပေစရန္အတြက္ ေသာ္လည္းေကာင္း အတည္ေပါက္ႏွင့္ေသာ္လည္ေကာင္း ေတြ႕ရာလူအကုန္ကို စကားလိုက္ေျပာတတ္တဲ့လူ အေတာ္မ်ားမ်ားရွိေပသည္။

ယခုတြင္လည္း အဂၤလန္ႏိုင္ငံ မန္ခ်က္စတာၿမိဳ႕မွ ေကာင္ေလးတစ္ေယာက္ဟာလည္း ရည္စားရွာေဖြေရး appတစ္ခုမွတစ္ဆင့္ ေကာင္မေလးမ်ားကို ဖြန္လိုက္ေၾကာင္တတ္ပါတယ္။တစ္ေန႔မွာေတာ့ အဲ့ဒီေကာင္ေလးဟာ သားအမိႏွစ္ဦးကို တစ္ၿပိဳင္နက္တည္း စကားသြားေျပာမိခဲ့ပါတယ္။

ေကာင္ေလးဟာ သားအမိႏွစ္ေယာက္လုံးကို စကားလုံး အတူတူေတြနဲ႔ ေတာ္ကီခ်ဳပ္ဖို႔ ႀကိဳးစားခဲ့တဲ့အျပင္ သမီးျဖစ္သူေရာ အေမျဖစ္သူကိုပါ သူ႔အိမ္မွာ ညစာစားရန္ ဖိတ္ေခၚခဲ့မိပါတယ္။

အဲ့ဒီအခ်ိန္မွာ သမီးျဖစ္သူက ရွင္ကြၽန္မအေမကို ညစာစားဖို႔ ေခၚထားၿပီေလ အဆင္ေျပပါ့မလားလို႔ ျပန္ေျပာလိုက္ပါတယ္။ထို႔ေနာက္ေကာင္ေလးဟာလည္း သားအမိႏွစ္ေယာက္ကို တစ္ၿပိဳင္တည္း ေျပာမိေနသည္ကို သိသြားခဲ့ၿပီး ရွက္ရွက္နဲ႔ လိုင္းေပၚက ဆင္းေျပးသြားခဲ့ပါတယ္။

Shoon (Cele Daily)

Unicode

ရည်စားရှာတဲ့appမှတစ်ဆင့် သမီးအပြင် အမေဖြစ်သူကိုပါ တစ်ပြိုင်တည်း ဖွန်ကြောင်မိသည့် ကောင်လေး

သင်တို့သူငယ်ချင်း ဘော်ဒါထဲမှာရော လိုင်းပေါ်က တွေ့ရာလူအကုန်နဲ့ ဖွန်လိုက်ကြောင်တတ်တဲ့လူရှိလိမ့်မယ်ထင်ပါတယ်။ဟုတ်ပါသည်။ သူငယ်ချင်းအချို့ဟာ အပျင်းပြေစေရန်အတွက် သော်လည်းကောင်း အတည်ပေါက်နှင့်သော်လည်ကောင်း တွေ့ရာလူအကုန်ကို စကားလိုက်ပြောတတ်တဲ့လူ အတော်များများရှိပေသည်။

ယခုတွင်လည်း အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှ ကောင်လေးတစ်ယောက်ဟာလည်း ရည်စားရှာဖွေရေး appတစ်ခုမှတစ်ဆင့် ကောင်မလေးများကို ဖွန်လိုက်ကြောင်တတ်ပါတယ်။တစ်နေ့မှာတော့ အဲ့ဒီကောင်လေးဟာ သားအမိနှစ်ဦးကို တစ်ပြိုင်နက်တည်း စကားသွားပြောမိခဲ့ပါတယ်။

ကောင်လေးဟာ သားအမိနှစ်ယောက်လုံးကို စကားလုံး အတူတူတွေနဲ့ တော်ကီချုပ်ဖို့ ကြိုးစားခဲ့တဲ့အပြင် သမီးဖြစ်သူရော အမေဖြစ်သူကိုပါ သူ့အိမ်မှာ ညစာစားရန် ဖိတ်ခေါ်ခဲ့မိပါတယ်။

အဲ့ဒီအချိန်မှာ သမီးဖြစ်သူက ရှင်ကျွန်မအမေကို ညစာစားဖို့ ခေါ်ထားပြီလေ အဆင်ပြေပါ့မလားလို့ ပြန်ပြောလိုက်ပါတယ်။ထို့နောက်ကောင်လေးဟာလည်း သားအမိနှစ်ယောက်ကို တစ်ပြိုင်တည်း ပြောမိနေသည်ကို သိသွားခဲ့ပြီး ရှက်ရှက်နဲ့ လိုင်းပေါ်က ဆင်းပြေးသွားခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment