





Shoon (Cele Daily)

Unicode

လွန်ခဲ့သော နှစ်ပေါင်း၃၀၀ခန့်က သေဆုံးသွားခဲ့သော ဂျပ်စပဲရိုးနှင့်ဆင်တူသည့် မကျွတ်မလွတ်သူနှင့် လက်ထပ်ခဲ့သည့် အမျိုးသမီးသမီး

ကမ္ဘာပေါ်တွင် ချစ်ခြင်းကြောင့် လက်ထပ်မင်္ဂလာပြုသူများထဲတွင် အသက်အရွယ်ကွားခြားသူများရှိသကဲ့သို့ ငွေကြေးကွာခြားသူများလည်းရှိသည်။

သို့သော် အခြားမကျွတ်မလွတ်သူများနှင့် ချစ်သူရည်စားများဖြစ်ကာ လက်ထပ်ကြသည်မှာတော့ ကြားဖူးကြလိမ့်မည်မဟုတ်ပေ။မကျွတ်မလွတ်သော ပရလောကသားများကို အယုံအကြည်မရှိသူများလည်း ရှိပေသည်။

ယခုတွင် အမျိုးသမီးတစ်ဦးသည် မကျွတ်မလွတ်သူနှင့် လက်ထပ်ကာ မင်္ဂလာပွဲကို ပျော်ရွင်စွာ ကျင်းပခဲ့ပါသည်။

ထိုအမျိုးသမီး၏ ပြောပြချက်အရ သူမနှင့် လက်ထပ်သူသည် လွန်ခဲ့သော နှစ်ပေါင်း၃၀၀ခန့် ၁၇၀၀ပြည့်နှစ်လောက်က သူတပါး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး မကျွတ်မလွတ်ဖြစ်နေသူဟုဆိုပေသည်။

ထိုမကျွတ်မလွတ်သူဟာ ပင်လယ်ဓားပြ ဂျပ်စပဲရိုးနှင့် အလွန်ဆင်တူသည်ဟုလည်း ဆိုခဲ့သည်။ထိုအမျိုးသမီးသည် အရင်က အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့ဖူးပြီး သားသမီး၅ယောက် မွေးဖွားဖူးသူလည်း ဖြစ်ပေသည်။

Shoon (Cele Daily)

  • Leave a Comment