







Shoon (Cele Daily)

Unicode

ချစ်သူသက်တမ်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် BMWကားသစ်ကြီးနှင့်အတူ ချစ်သူကောင်မလေး၏ လက်ထပ်ခွင့်တောင်းခံခြင်းကို ခံခဲ့ရသည့် ကောင်လေးတစ်ဦး

အချစ်တစ်ခုသည် ရေရှည်တည်မြဲစွာဖြင့် ပျော်ပျော်ရွင်ရွင်နေထိုင်သွားရန် ယုံကြည်နားလည်မှုတို့အပြင် ငွေကြေးဟူသော ဂုဏ်ပကာသနသည်လည်း အနည်းငယ်တော့ လိုအပ်လှပေသည်။

ငွေကြေးချမ်းသာကြွယ်ဝသူသည် လူဘုံအလယ်တွင် အခြားသူများထက် အနည်းငယ်တော့ မျက်နှာပန်း ပိုမိုပွင့်လန်းကြသည်။

ယခုတွင်လည်း တရုတ်နိုင်ငံမှ ငွေကြေးချမ်းသာကြွယ်ဝသည့် အသက်၂၄နှစ်အရွယ် အမျိုးသမီးသည် သူ၏ ချစ်သူကောင်လေးကို BMWကားသစ်ကြီးနှင့်အတူ ခမ်းနားထည်ဝါသော အိမ်အသစ်တစ်လုံးတို့နှင့်အတူ လက်ထပ်ခွင့် တောင်းခံခဲ့သည်။

အမျိုးသမီးသည် ချစ်သူကောင်လေးကို သူတို့၏ တွေ့ဆုံနေကြနေရာတစ်ခုတွင် ချိန်းတွေ့ခဲ့ပြီး surpriseပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်အမျိုးသမီးသည် သတိုးသမီးဝတ်စုံကို ဝတ်ဆင်ကာ ပန်းစီးထဲတွင် ကားသော့ အိမ်သစ်စာချုပ်တို့နှင့်အတူ လက်ထပ်ခွင့် တောင်းခံခဲ့ခြင်းဖြစ်ပေသည်။

တရုတ်အမျိုးသားသည်လည်း အလွန်ပင်အံသြသွားခဲ့ပြီး လက်ထပ်ခြင်းကို လက်ခံသည်ဟု အော်ဟစ်ကာ တင်းကြပ်စွာဖတ်ထားခဲ့သည်။

ထိုအမျိုးသမီးဟာ ကောင်လေးဖြစ်သူကသာလျှင် လက်ထပ်ခွင့်တောင်းခံရသည်ဆိုသည့်အဆိုကို လက်မခံဘဲ ငြင်းဆန်ကာ လက်ထပ်ခွင့်တောင်းခဲ့ခြင်းဖြစ်သည်။

Shoon (Cele Daily)

  • Leave a Comment