Shoon (Cele Daily)
Unicode
ကိုယ်တိုင်မှာ မိန်းမအား အလွန်ကြောက်ရသော်လည်း အိမ်ထောင်ရေးအဆင်ပြေစေမည့် လမ်းညွှန်စာအုပ်ကို ထုတ်လုပ်ရောင်းချခဲ့သည့် အသက်၇၅နှစ်အရွယ် အဖိုး
စာဖတ်သူများထဲတွင် အိမ်သူဇနီးမယားလေးကို ချစ်လွန်းသောကြောင့် ကြောက်ချင်ယောင်ဆောင်သူများ ရှိသကဲသို့ အမှန်တကယ်ပင် အလွန်ကြောက်ရသူများလည်း ရှိပေသည်။
အိမ်ထောင်စုတစ်ခုတွင် အပြန်အလှန် နားလည်မှုနှင့်အတူ ယုံကြည်အားကိုးခြင်းဖြင့် ခရီးဆက်နိုင်မှသာလျှင် သာယာပျော်ရွှင်သော မိသားစုကမ္ဘာလေးတစ်ခု ဖြစ်လာပေမည်။
ယခုတွင်တော့ ဥရောပမှ အသက်၇၅နှစ်အရွယ် အဖိုးတစ်ဦးဟာ ဇနီးဖြစ်သူအား အလွန်ကြောက်ရသူဖြစ်ပြီး အိမ်ထောင်သက် ၅၀ကျော်လာသောအခါ ဒေါသကြီးပြီး ကြောက်ရသည့် ဇနီးသည်ကို ဒေါသမထွက်အောင် မည်သို့ပြုစုရမည်ကို သိရှိလာခဲ့ပြီး အိမ်ထောင်ရေး အဆင်ပြေစေမည့် လမ်းညွှန်စာအုပ်ကို ထုတ်ဝေရောင်းချခဲ့ပါသည်။
စာအုပ်ကို ဝယ်ယူပြီး အမှန်တကယ် လိုက်နာကျင့်သုံးသူကတော့ ဒေါသကြီသည့် ဇနီးမယားလေးကို ဘယ်လိုအလိုက်သိအောင် နေရမလဲဆိုတာကို ကောင်းကောင်းသဘောပေါက်သွားမာ သေချာပါတယ်။
Shoon (Cele Daily)