





Shoon (Cele Daily)

Unicode

ကမ္ဘာ့အချောဆုံးသော မော်ဒယ်မင်းသမီးလေးရဲ့အလှဟာ သူ့ဇနီးသည်၏အလှကိုမမှီဘူးဆိုတဲ့ အဖိုးအို၏ စစ်မှန်သော ချစ်ခြင်းသစ္စာစကား

ချစ်သူစုံတွဲတိုင်းဟာ ကိုယ့်ရဲ့အချစ်ဆုံးသောချစ်သူနှင့်သာ ဘဝတစ်ခုထူထောင်ပြီး ရိုးမြေကျပေါင်းသင်းနေထိုင်လိုကြပေသည်။အကြင်လင်မယားတိုင်းသည် မိမိ၏ကြင်ဖော်အိမ်ထောင်ဖက်ကို ချစ်သောမျက်စိနှင့်သာ ကြည့်ရှုကြပြီး ချစ်သောစိတ်ကြောင့်ပင် နတ်သတ်ကြွေလာသူလေးတစ်ဦးအဖြစ်သာ မြင်ကြပေသည်။

အလှကြောင့်ချစ်တာမဟုတ်ဘဲ အချစ်ကြောင့်လှနေကြတာဟာ ကြင်ဖော်လင်မယားတိုင်းပင်ဖြစ်သည်။

ယခုတွင်လည်း အသက်၆၆နှစ်အရွယ်ရှိပြီဖြစ်သောအဖိုးတစ်ဦးဟာ ကမ္ဘာ့အလှမယ် သရဖူဆုရရှိခဲ့တဲ့ မော်ဒယ်မလေးဟာ သူ၏ဇနီးသည်လောက် လှပမှုမရှိဘူးဟုဆိုကာ လူမှုမီဒီယာပေါ်တင်ပြီး ကြွေးကြော်ခဲ့ပါတယ်။

အဖိုးအို၏ဇနီးသည်နှင့် ခိုင်းနှိုင်းလိုက်သည့် မော်ဒယ်မလေးသည် အသက်၁၉နှစ်သာရှိသေးပြီး တစ်ကမ္ဘာလုံးဆိုင်ရာ အလှမယ်ရွေးပွဲတွင် အနိုင်ရရှိကာ သရဖူဆောင်းထားသူ အလှဘုရင်မလေးပင်ဖြစ်သည်။

အဖိုးအိုပြောကြားလိုက်သော စကားသည် အချစ်စစ်အချစ်မှန်နှင့် ချစ်သော လူများအားလုံးအတွက် မှန်ကန်ဆုံးသော အချစ်သစ္စာ စကားတစ်ခွန်းအဖြစ် ထောက်ခံမိပါတယ်။

Shoon (Cele Daily)

  • Leave a Comment