စာဖတ္ေနသူဟာ အခ်စ္ဆုံးသူငယ္ခ်င္းႏွင့္ေတြ႕ဆုံခဲ့သည့္ အခ်ိန္ကို မွတ္မိေနမည္ဟုထင္ပါသည္။လူသားအခ်ိဳ႕ဟာ ဘဝအတြက္ လႈပ္ရွား႐ုန္းကန္ေနရင္းျဖင့္ အနီးတြင္ရွိေသာ လူမ်ားကိုပင္ တစ္ခါတစ္ရံေမ့ေနတတ္သည္။
အသက္အ႐ြယ္ႀကီးရင့္လာသည္ႏွင့္အမွ် လူသားတို႔ဟာ အခ်စ္ဆုံးသူငယ္ခ်င္းႏွင့္ ႏွစ္ဝက္ေလာက္ကို မေတြ႕ဆုံရဘဲ ျဖတ္သန္းလာတတ္ပါတယ္။
ထို႔ေၾကာင့္ ကေလးဘဝအခ်ိန္တြင္သာ အခ်စ္ဆုံးေသာ သူငယ္ခ်င္းမ်ားႏွင့္ အၿမဲတစ္ေစေတြ႕ဆုံကာ ေပ်ာ္ပါးၾကရျခင္းျဖစ္သည္။ကေလးဘဝတြင္ သူငယ္ခ်င္းႏွင့္ တစ္ရက္မေတြ႕ရလွ်င္ပင္ မေနတတ္မထိုင္တတ္ျဖစ္ကာ ကစားရန္အတြက္ လြမ္းဆြတ္ေနတတ္ၾကသည္။
ယခုတြင္လည္း ကေလးငယ္ သူငယ္ခ်င္းႏွစ္ဦးတို႔သည္ တစ္ဦးႏွင့္တစ္ဦးမေတြ႕ဆုံရသည္မွာ ၂ရက္ခန္႔ရွိခဲ့သည္။ထို႔ေၾကာင့္ ျပန္ေတြ႕သည့္အခ်ိန္တြင္ တစ္ဦးႏွင့္တစ္ဦး ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနသူမ်ားပမာ အေျပးအလြားဖတ္၍ ႏႈတ္ဆက္ေနၾကပါသည္။
အျပစ္ကင္းလွေသာ ကေလးငယ္တို႔၏ ပုံရိပ္ေလးေတြေၾကာင့္ ျမင္ရသူမ်ားပင္ ၾကည္ႏူးမိကာ လူႀကီးမ်ားလည္း ကေလးဘဝကို ျပန္လည္သတိရမိေစခဲ့သည္။
Shoon (Cele Daily)
Unicode
2ရက်လောက်မတွေ့ရသည်ကို နှစ်ပေါင်းများစွာမတွေ့ရသကဲ့သို့ ပြန်တွေ့ချိန်တွင် အပြေးအလွှားဖတ်၍နှုတ်ဆက်ကြသည့် အပြစ်ကင်းသော ကလေးနှစ်ယောက်၏ သံယောဇဥ်
စာဖတ်နေသူဟာ အချစ်ဆုံးသူငယ်ချင်းနှင့်တွေ့ဆုံခဲ့သည့် အချိန်ကို မှတ်မိနေမည်ဟုထင်ပါသည်။လူသားအချို့ဟာ ဘဝအတွက် လှုပ်ရှားရုန်းကန်နေရင်းဖြင့် အနီးတွင်ရှိသော လူများကိုပင် တစ်ခါတစ်ရံမေ့နေတတ်သည်။
အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ လူသားတို့ဟာ အချစ်ဆုံးသူငယ်ချင်းနှင့် နှစ်ဝက်လောက်ကို မတွေ့ဆုံရဘဲ ဖြတ်သန်းလာတတ်ပါတယ်။
ထို့ကြောင့် ကလေးဘဝအချိန်တွင်သာ အချစ်ဆုံးသော သူငယ်ချင်းများနှင့် အမြဲတစ်စေတွေ့ဆုံကာ ပျော်ပါးကြရခြင်းဖြစ်သည်။ကလေးဘဝတွင် သူငယ်ချင်းနှင့် တစ်ရက်မတွေ့ရလျှင်ပင် မနေတတ်မထိုင်တတ်ဖြစ်ကာ ကစားရန်အတွက် လွမ်းဆွတ်နေတတ်ကြသည်။
ယခုတွင်လည်း ကလေးငယ် သူငယ်ချင်းနှစ်ဦးတို့သည် တစ်ဦးနှင့်တစ်ဦးမတွေ့ဆုံရသည်မှာ ၂ရက်ခန့်ရှိခဲ့သည်။ထို့ကြောင့် ပြန်တွေ့သည့်အချိန်တွင် တစ်ဦးနှင့်တစ်ဦး နှစ်ပေါင်းများစွာ ဝေးကွာနေသူများပမာ အပြေးအလွားဖတ်၍ နှုတ်ဆက်နေကြပါသည်။
အပြစ်ကင်းလှသော ကလေးငယ်တို့၏ ပုံရိပ်လေးတွေကြောင့် မြင်ရသူများပင် ကြည်နူးမိကာ လူကြီးများလည်း ကလေးဘဝကို ပြန်လည်သတိရမိစေခဲ့သည်။
Shoon (Cele Daily)