






Shoon (Cele Daily)

Unicode

နှစ်ပေါင်း၇၀ကြာမှ ပြန်လည်ဆုံတွေ့ခဲ့ရတဲ့ အသက်၉၇နှစ်အရွယ် အဖိုးနှင့်အဖွားတို့ရဲ့ အချစ်ဇာတ်လမ်း

လူသားတိုင်းဟာ အချစ်စစ်နှင့် တစ်ခါတော့ကြုံတွေ့ရစမြဲပင်ဖြစ်ပါတယ်။အရွယ်ရောက်ပြီးသူတိုင်း အချစ်ကို တစ်ကြိမ်တစ်ခါတော့ ကြုံတွေ့ဖူးသူများပြီး အချစ်ဟူသော ဇာတ်လမ်းလေး ရှိတတ်ကြပါတယ်။

ယခုတွင်လည်း အသက်၉၇နှစ်အရွယ် အမေရိကန်သားအဖိုးနှင့် ပြင်သစ်သူအဖွားတို့ရဲ့ ဇာတ်ခမ်းလေးဟာ လွမ်းဆွေးမှုများနှင့်အတူ ပျော်ရွှင်ဖွယ်များလည်း ဖြစ်ပေါ်ခဲ့ကြပါတယ်။

အဖိုးအိုသည် ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းတစ်ယောက်အနေဖြင့် ပြင်သစ်၌ တာဝန်ထမ်းဆောက်နေစဥ် ပြစ်စစ်သူအဖွားနှင့်တွေ့ဆုံကာ ချစ်ကျွမ်းဝင်ခဲ့ကြတော့သည်။ထိုစဥ်အခါက လူငယ်များပီပီ တစ်ဦးနှင့်တစ်ဦး စစ်မှန်သော ချစ်ခြင်းများဖြင့် ကတိများလည်းထားရှိခဲ့ကြသည်။

အဖိုးအိုလည်း တာဝန်များပြီးဆုံး၍ အမေရိကန်သို့ ပြန်သွားရသော အချိန်မှစ၍ တစ်ဦးနှင့်တစ်ဦး ဝေးကွာသွားခဲ့ကြပြီး အဆသးက်အသွယ်ပင်ပြတ်သွားခဲ့ကြသည်။

ထိုသို့အဆက်အသွယ်ပြတ်သွားပြီး နှစ်ပေါင်း၇၀အကြာတွင် ပြန်လည်စုံစမ်းကာ D-Dayနှစ်ပတ်လည် အခမ်းအနားနေ့မှပင် အဖွားဖြင်သူကို ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ပြန်လည်ဆုံဆည်းချိန်တွင် သူတို့နှစ်ဦး၏ ချစ်ခြင်းသည် ဆတ်လတ်ရှင်သန်နေဦးမည်လား?

Shoon (Cele Daily)

  • Leave a Comment