Shoon (Cele Daily)
Unicode
မြင့်မားသော အသိညဏ်နှင့်အတူ အမှန်တကယ်စည်းကမ်းရှိစွာဖြင့် အစာစားရန် တန်းစီနေကြသော တရုတ်နိုင်ငံမှ ရဲဝန်ထမ်း ခွေးကလေးများ
ခွေးကလေးများသည် အိမ်မွေးတိရိစ္ဆာန်များထဲတွင် ဥာဏ်ရည်အမြင့်မားဆုံးဟုပင် ဆိုနိုင်လောက်ပေသည်။ခွေးကလေးများကို အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးမြူကြသည့်အပြင် ရဲတပ်ဖွဲ့များ တပ်မတော်များတွင် တာဝန်ထမ်းဆောင်ရန်အတွက်လည် မွေးမြူလာသည်မှာ လွန်ခဲ့သော နှစ်ပေါင်း၁၀၀ခန့်ကပင်ဖြစ်သည်။
တရုတ်နိုင်ငံတွင်လည်း ရဲတပ်ဖွဲ့ကင်းလှည့်ရာတွင် တာဝန်ထမ်းဆောင်နိုင်ရန် ခွေးကလေးများကို မွေးမြူပြီး လေ့ကျင့်သင်ကြားထားခဲ့သည်။
တရုတ်နိုင်ငံရဲတပ်ဖွဲ့မှ ခွေးကလေးများသည် အလွန်ပင် ဥာဏ်ရည်မြင့်မားကာ လေ့ကျင့်သားပြည့်ဝထားသောကြောင့် အစားစားရာတွင်လည်း အလွန်စည်းကမ်းရှိကာ ကိုယ်ပိုင်ခွက်များကို ပါးစပ်တွင် ကိုက်ကာ အစာရရန်တန်းစီနေပုံများသည် အလွန်ပင် ချီးကျူးဖို့ကောင်းနေခဲ့သည်။
Shoon (Cele Daily)