





Shoon (Cele Daily)

Unicode

မင်္ဂလာပွဲတွင် ခင်ပွန်းလောင်းကို ခွင့်တောင်းကာ ရည်းစားဟောင်းအား နောက်ဆုံးအကြိမ် ပွေ့ဖက်ကာ နှုတ်ဆက်ခဲ့သည့် ဇနီးသည်၏ ဗီဒီယိုဖိုင်

ချစ်သူနှစ်ဦးတို့သည် ဘဝတစ်ခုကို ထူထောင်မည်ဆိုပါက ကြီးမားသော ချစ်ခြင်းမေတ္တာတရားနှင့်အတူ အပြန်အလှန်ယုံကြည်မှု နားလည်မှုတို့သည် အဓိကကျသောအရာများဖြစ်သည်။

အချို့သည်လည်း ဘဝတစ်ခုတွင် အချစ်တစ်ခုတည်းဖြင့် အရာရာမပြည့်စုံနိုင်ဟု ဆိုကြပေသည်။လူသားတိုင်းသည် အချစ်ဟူသော အရာနှင့် ကြုံတွေ့ဖူးကြပြီး အကြောင်းတစ်စုံတစ်ရာကြောင့် ကွဲကွာသွားကြသူများရှိပေသည်။

ထိုကွဲကွာသွားသူများတွင် အချို့သည် အမုန်းများဖြင့် လမ်းခွဲခဲ့ကြသလို အချိုသည်လည်း အပြုံးနှင့်နှုတ်ဆက်ကာ လမ်းခွဲခဲ့သူများလည်း ရှိပေသည်။

ယခုတွင်  မိန်းကလေးတစ်ဦးသည် သူမ၏ မင်္ဂလာပွဲသို့ ရောက်ရှိလာသော ရည်းစားဟောင်းဖြစ်သူကို နောက်ဆုံးကြိမ်အနေဖြင့် ပွေ့ဖက်ကာ နှုတ်ဆက်ခဲ့ပါသည်။

သူသည် ရည်းစားဟောင်းအား မပွေ့ဖက်ခင်တွင် ခင်ပွန်းလောင်းအား ခွင့်တောင်းခဲ့ပြီး ခင်ပွန်းလောင်းက ခွင့်ပြုခဲ့သောကြောင့် ပွေ့ဖက်က နှုက်ဆက်ခဲ့ခြင်းဖြစ်သည်။ခင်ပွန်းလောင်းသည်လည်း ဇနီးဖြစ်သူ၏ ရည်းစားဟောင်းကို ပွေ့ဖက်နှုတ်ဆက်ခဲ့ပြီး သဘောထားကြီးကို ပြသခဲ့ပေသည်။

Shoon (Cele Daily)

  • Leave a Comment