လူတို့သည် တိရိစ္ဆာန်လေးများကို အိမ်ထဲ၌မွေးမြူကြပြီး တိရိစ္ဆာန်လေးများနှင့် သူငယ်ချင်းများအဖြစ် ရင်းနှီးကျွမ်းဝင်သွားသည်မှာ နေရာတိုင်းတွင် ဖြစ်ပေါ်နေလေ့ရှိပေသည်။
Shoon (Cele Daily)
Unicode
ငမန်းပေါက် သူငယ်ချင်းလေးကို ပင်လယ်ထဲသို့ အမြဲတမ်းသွားရောက်ကာ တွေ့ဆုံလေ့ရှိသည့် ရေငုပ်သမားတစ်ဦး၏ သံယောဇဥ်
လူတို့သည် တိရိစ္ဆာန်လေးများကို အိမ်ထဲ၌မွေးမြူကြပြီး တိရိစ္ဆာန်လေးများနှင့် သူငယ်ချင်းများအဖြစ် ရင်းနှီးကျွမ်းဝင်သွားသည်မှာ နေရာတိုင်းတွင် ဖြစ်ပေါ်နေလေ့ရှ်ိပေသည်။
သို့သော် လူသားတို့သည် ပင်လယ်အောက်ထဲက မျိုးစိတ်များနှင့် ရင်းနှီးကျွမ်းဝင်မှုတော့ မရှိကြပေ။အခြားတိရိစ္ဆာန်လေးများနှင့် နှိုင်းယှဥ်လျှင် ရေနေသတ္တဝါတို့သည် လူသားတို့နှင့် အနည်းငယ် ဝေးကွာနေပေသည်။
ယခုတွင် ရေငုပ်သမားတစ်ဦး၏ ပင်လယ်ရေနေသတ္တဝါတစ်ကောင်နှင့် ရင်းနှီးနေမှုသည် အလွန်ထူးဆန်းလှပါသည်။ထိုရေငုပ်သမားသည် ပင်လယ်ထဲမှ ငမန်းငယ်လေးတစ်ကောင်နှင့် ရင်းနှီးနေခြင်းဖြစ်သည်။
လူသားအားလုံးသည် ငမန်းများကို ကြောက်လန့်ကြပြီး အသားစားသတ္တဝါများဟု မှတ်ယူထားကြပေသည်။သို့သော် ယခုရေငုပ်သမားသည် ငမန်းပေါက်လေးနှင့် အလွန်ပင်ရင်းနှီးကာ အမြဲတမ်းပင်လယ်ထဲသို့ သွားရောက်ကာ တွေ့ဆုံလေ့ရှိပေသည်။
ငမန်းပေါက်လေသည် ရေငုပ်သမားကို ရေထဲသို့ရောက်ရှ်ိလာလျှင် ပွေ့ဖက်ကာ နှုက်ဆက်လေ့ရှိသည်။သူတို့နှစ်ဦးသည် အလွန်ပင် သံယောဇဥ်တွယ်နေကြသော သူငယ်ချင်းများဖြစ်နေပေသည်။
Shoon (Cele Daily)