





Shoon (Cele Daily)

Unicode

စိတ်ပိုင်းဆိုင်ရာထိခိုက်ကာ အသက်၉နှစ်မှစ၍ ရေကိုမသောက်သုံးဘဲ ယမကာကိုသာသောက်သုံးခဲ့သည့် အသက်၂၀အရွယ်ကောင်လေး

ရေသည် လူသားတို့ဘဝအတွက် မရှိမဖြစ်လိုအပ်သော အရာဖြစ်သည်။ရေသည် လူတို့၏ ကျန်းမာရေးအတွက် အဓိကကျ သော အသက်သွေးကြောတစ်ခုပင်ဖြစ်သည်။ရေမရှိလျှင် လူသားများအသက်ရှင်နေထိုင်ရန် မဖြစ်နိုင်ခဲ့ပေ။

ယခုတွင် အသက်၂၀အရွယ်ထိ ရေကို သောက်သုံးခဲ့ခြင်းမရှိသော တောင်ကိုရီးယားနိုင်ငံမှ ကောင်းလေးတစ်ဦး၏ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါသည်။

တောင်ကိုရီးယားနိုင်ငံမှ ကောင်လေးသည် အသက်၉နှစ်အရွယ်တွင် ညစ်ပတ်သော မြောင်းပုပ်ရေကို မတော်တဆ သောက်သုံးမိခဲ့သဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ပြီး ရေကိုသောက်သုံးရန် ကြောက်လန့်သွားခဲ့သည်။ထို့ကြောင့် သူသည် ရေအစား အခြားသော ဖျော်ရည် ယမကာ များကိုသာ သောက်သုံးလာခဲ့သည်။

ယခုအသက်၂၀ရောက်ရှိလာသောအခါတွင် ရေမသောက်ခဲ့သောကြောင့် ကျန်းမာရေးထိခိုက်ကာ အဝလွန်ခြင်းနှင့် ကျောက်ကပ်ရောဂါကို ခံစားခဲ့ရသည်။ထို့ကြောက် ရေကိုပထဆုံးအကြိမ်ပြန်လည် သောက်သုံးခဲ့ပါသည်။

ထိုအချိန်တွင် ဆရာဝန်များက သံပုရာရေ လက်ဖက်ရည်နှင့် သောက်ရေသုံးမျိုးတို့ကို ပြင်ဆင်ပေးခဲ့ပြီး ကောင်လေးသည် သံပုရာရည်သောက်ရာတွင် ချက်ခြင်းထွေးထုတ်ခဲ့ပြီး လက်ဖက်ရည်ကို အဆင်ပြေစွာ သောသုံးခဲ့၍ ရေကို သောက်သုံးရန် အချိန်များစွာယူခဲ့ရပေသည်။

Shoon (Cele Daily)

  • Leave a Comment