အသက္ ၂ႏွစ္အ႐ြယ္ ညီမေလးျဖစ္သူႏွင့္ ေခြးကေလးတို႔အျပင္ မိသားစု တစ္ခုလုံးကိုပါ မီးေဘးမွကယ္တင္ေပးခဲ့ၿပီး သူရဲေကာင္းျဖစ္ခဲ့သည့္ ကေလးငယ္

ကေလးတို႔သည္ ငယ္႐ြယ္ေသာ္လည္းအထင္ေသး႐ြယ္မရေပ။ကေလးတို႔သည္ တစ္ခ်ိန္တြင္ ႏိုင္ငံ၏ ေအာင္ျမင္တိုးတက္မႈမ်ားအတြက္ အဓိက အခန္းက႑မွပါဝင္လာမည့္ အေရးႀကီး ပုဂၢိဳလ္ေလးမ်ားျဖစ္ၾကသည္။

ကေလးတို႔၏ အရည္အခ်င္းသည္ ေလ်ာ့တြက္၍မရႏိုင္ေပ။တစ္ခါတစ္ရံတြင္ ကေလးငယ္တို႔၏ အေတြးအေခၚသည္ လူႀကီးမ်ားထက္ပင္ ျမင့္မားေနတတ္သည္။

ယခုတြင္လည္း အေမရိကန္ႏိုင္ငံ ေဂ်ာ္ဂ်ီယာျပည္နယ္မွ အသက္၅ႏွစ္အ႐ြယ္ ကေလးငယ္၏ စြန္႔စားမႈသည္ လူႀကီးမ်ားအာလုံး၏ သူရဲေကာင္းျပဳျခင္းကိုပင္ ခံခဲ့ရပါသည္။

ကေလးငယ္သည္ ေနအိမ္တြင္အိပ္ေနစဥ္ ည၁၂အခ်ိန္၌ အိမ္သည္ ႐ုတ္တရက္မီးေလာက္မႈျဖစ္ပြားခဲ့ေပသည္။ထို႔ေနာက္ ေကာင္ေလးသည္ မီးခိုးမ်ားေၾကာင့္ ႏိုးလာကာ အသက္၂ႏွစ္အ႐ြယ္သာရွိေသာ ညီမျဖစ္သူ၏ အခန္းထဲသို႔ သြားေရာက္ကာ ကယ္ဆယ္ေပးခဲ့သည္။

ထိုေနာက္တြင္ မီးေလာင္ေနေသာ အခန္းထဲ၌ရွိေနေသာ ေခြးကေလးကိုလည္း ကယ္တင္ကာ အိမ္၌ရွိေသာ လူႀကီးမ်ားအားလုံးကို လိုက္လံႏႈိးခဲ့ရသည္။

ေကာင္ေလးႏႈိးၿပီးခ်က္ခ်င္းပင္ မီးသည္ အလြန္ေတာက္ေလာင္ကာ အိမ္ႀကီးပ်က္ဆီးသည္ အထိျဖစ္ခဲ့ရသည္။

Shoon (Cele Daily)

Unicode

အသက် ၂နှစ်အရွယ် ညီမလေးဖြစ်သူနှင့် ခွေးကလေးတို့အပြင် မိသားစု တစ်ခုလုံးကိုပါ မီးဘေးမှကယ်တင်ပေးခဲ့ပြီး သူရဲကောင်းဖြစ်ခဲ့သည့် ကလေးငယ်

ကလေးတို့သည် ငယ်ရွယ်သော်လည်းအထင်သေးရွယ်မရပေ။ကလေးတို့သည် တစ်ချိန်တွင် နိုင်ငံ၏ အောင်မြင်တိုးတက်မှုများအတွက် အဓိက အခန်းကဏ္ဍမှပါဝင်လာမည့် အရေးကြီး ပုဂ္ဂိုလ်လေးများဖြစ်ကြသည်။

ကလေးတို့၏ အရည်အချင်းသည် လျော့တွက်၍မရနိုင်ပေ။တစ်ခါတစ်ရံတွင် ကလေးငယ်တို့၏ အတွေးအခေါ်သည် လူကြီးများထက်ပင် မြင့်မားနေတတ်သည်။

ယခုတွင်လည်း အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှ အသက်၅နှစ်အရွယ် ကလေးငယ်၏ စွန့်စားမှုသည် လူကြီးများအာလုံး၏ သူရဲကောင်းပြုခြင်းကိုပင် ခံခဲ့ရပါသည်။

ကလေးငယ်သည် နေအိမ်တွင်အိပ်နေစဥ် ည၁၂အချိန်၌ အိမ်သည် ရုတ်တရက်မီးလောက်မှုဖြစ်ပွားခဲ့ပေသည်။ထို့နောက် ကောင်လေးသည် မီးခိုးများကြောင့် နိုးလာကာ အသက်၂နှစ်အရွယ်သာရှိသော ညီမဖြစ်သူ၏ အခန်းထဲသို့ သွားရောက်ကာ ကယ်ဆယ်ပေးခဲ့သည်။

ထိုနောက်တွင် မီးလောင်နေသော အခန်းထဲ၌ရှိနေသော ခွေးကလေးကိုလည်း ကယ်တင်ကာ အိမ်၌ရှိသော လူကြီးများအားလုံးကို လိုက်လံနှိုးခဲ့ရသည်။

ကောင်လေးနှိုးပြီးချက်ချင်းပင် မီးသည် အလွန်တောက်လောင်ကာ အိမ်ကြီးပျက်ဆီးသည် အထိဖြစ်ခဲ့ရသည်။

Shoon (Cele Daily)

  • Leave a Comment