




Shoon (Cele Daily)

Unicode

ချစ်သူလေးဦးစလုံးနှင့် အတူတကွ နေထိုင်နေသည့် အသက်၂၀အရွယ် မိန်းကလေးသည် သူတို့မိသားစုဘဝ၏ ပထမဆုံးသော ရင်သွေးလေးကို ရရှိခဲ့ပြီ

ကမ္ဘာပေါ်က ထူးခြားဆန်းပြားသော အရာများသည် တစ်ခါတစ်ရံတွင် လူသားအားလုံးကိုအံ့အားသင့်စေခဲ့ရသည်။နေ့စဥ်လူနေမှုဘဝတွင် ထူးခြားမှုများသည် ကမ္ဘာပေါ်က နေရာအနှံအပြား၌ ဖြစ်ပေါ်လျက်ရှိနေပေသည်။

ယခု အမေရီကန်နိုင်ငံမှ အသက်၂၀အရွယ်သာရှိသေးသည့် မိန်းကလေး၏ အချစ်ရေးသည် အလွန်ပင်အံ့အားသင့်ဖွယ်ကောင်းလှပေသည်။လူတိုင်းသည် အချစ်ကို တစ်ဦးတစ်ယောက်တည်းကိုသာ ပုံအောပြီး သစ္စာရှိရှိဖြင့် ချစ်သွားတတ်ကြသည်။ချစ်သူနှစ်ဦးကြားတွင် တတိယလူပေါ်လာပါက အချစ်ရေးသည် အဆင်မပြေနိုင်တော့ပေ။

သို့သော် အမေရီကန်မှ မိန်းကလေးသည် ချစ်သူကို လေးဦးအထိထားရှိခဲ့ပေသည်။သူမသည် ချစ်သူလေးဦးစလုံးကို တရားဝင်တွဲကာ ချစ်သူလေးဦးနှင့် အတူတကွ နေထိုင်နေခြင်းပင်ဖြစ်သည်။

သူမတို့ မိသားစုလေးသည် စိတ်အခန့်မှုပင်မရှိပင် အားလုံးဟာ နားလည်ခွင့်လွှတ်မှုတို့ဖြင့် ပျော်ရွှင်စွာ နေထိုင်လျက်ရှိသည့်အပြင် ယခုအချိန်တွင် ပထမဆုံးသော ရင်သွေးငယ်လေးကို ပိုင်ဆိုင်ထားကြပြီဖြစ်သည်။

Shoon (Cele Daily)

  • Leave a Comment