





Shoon (Cele Daily)

Unicode

ချစ်ခြင်းမေတ္တာတွင် အသက်အရွယ်သည် အဓိကမကျကြောင်း သက်သေပြသွားခဲ့တဲ့ ၃၁နှစ်အရွယ်ကောင်လေးနှင့် အသက်၉၁နှစ်အရွယ် အဖွားတို့၏ ခိုင်မြဲသောအချစ်

လူသားတိုင်းတွင် ချစ်တတ်သော နှလုံးသားလေးတစ်ခုရှိကြပြီး ထိုနှလုံးသားလေးကြောင့်ပင် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း ပူဆွေးခြင်းတို့ကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။

လူသားအချို့သည် တစ်ခါတစ်ရံသော အချိန်ကာလကာတော့ အချစ်ကို ထိတွေ့ဖူးခဲ့ကြပေသည်။အချို့သည် အချစ်ကို ရင်ထဲတွင် ဖြစ်ပေါ်ခံစားနေကြရသော်လည်း အသက်အရွယ်ကြောင့်လည်းကောင်း အကြောင်းတစ်ခုကြောင့်လည်းကောင်း ရှေ့ဆက်မတိုးဘဲ ချစ်နေရရှာသည်။

ယခုတွင်တော့ အချစ်တစ်ခုကို ပုံဖော်ဖန်တီးရန်အတွက် အသက်အရွယ်သည် အရေးမကြီးကြောင်းကို အီတလီမှ စုံတွဲတစ်တွဲက သက်သေပြသနိုင်ခဲ့ပေသည်။

သူတို့စုံတွဲနှစ်သည် အသက်အရွယ်အားဖြစ် နှစ်ပေါင်း၆၀ပင် ကွားခြားလှသည်။ကောင်လေးဖြစ်သူသည် အသက်၃၁နှစ်အရွယ်သာ ရှိသေးပြီး ကောင်မလေးဖြစ်သူသည် အသက်၉၁နှစ်ပင်ရှိပေသည်။

သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် နားလည်မှုရှိကြပြီး အမှန်တကယ်ပင်ချစ်မြတ်နိုးကြပေသည်။

Shoon (Cele Daily)

  • Leave a Comment