





Shoon (Cele Daily)

Unicode

ကမ္ဘာမြေပေါ်မှာ မွေးဖွားလာတဲ့ ဂြိုလ်သားတစ်ဦးလို ခန္ဓာကိုယ် တစ်ခုလုံးကို ပြုပြင်ပြောင်းလဲခဲ့ကြတဲ့ တတ်တူးခရေစီ လင်မယား

ခန္ဓာကိုယ်ပေါ်တွင်ရေးဆွဲကြသော ဆေးမှင်ကြောင်ဟုခေါ်သည့် တတ်တူးများသည် နှစ်ပေါင်းများစွာသော ရှေးယခင်ကပင် ပေါ်ပေါက်လာသော ပန်းချီပညာတစ်မျိုးပင် ဖြစ်ပေသည်။

တတ်တူးများကို ရှေးယခင်က အဓိပ္ပါယ်ယူဆမှတ်အမျိုးမျိုးဖြင့် သင်္ကေတတစ်ခုအနေဖြင့် ခန္ဓာကိုယ်ပေါ်တွင် ရေးထိုးကြသော်လည်း ယခုအခါတွင် အလှအပရေးရာတစ်ခုအနေဖြင့် တတ်တူးများ ထိုးလာခဲ့ကြပြီဖြစ်သည်။

ယခုတွင်တော့ နိုင်ငံတစ်နိုင်ငံမှ လင်းမယားနှစ်ဦးတို့သည် တတ်တူးထိုးခြင်းကို အလွန်ပင်ရူးသွပ်ကြပေသည်။သူတို့လင်မယားနှစ်ဦးသည် ခန္ဓာကိုယ်တစ်ခုလုံးကို တတ်တူးများအပြည့်ဖြင့် ဖုံးအုပ်ခဲ့ကြပေသည်။

ခန္ဓာကိုယ်တစ်ခုလုံးကို တတ်တူးထိုးရုံမျှမကဘဲ သူတို့ဟာ ဂြိုလ်သားပုံစံပေါ်ပေါက်လာစေရန် ခွဲစိတ်ပြုပြင်မှုများပင် ပြုလုပ်ခဲ့ကြသည်။သူတို့၏ ရူးသွပ်မှုသည် အခြားလူများအဖို့ အလွန်ပင်ကြောက်စရာကောင်းနေမည်ဖြစ်ပေသည်။

သူတို့နှစ်ဦးတွင် သမီးငယ်တစ်ဦးရှိပြီး သမီးငယ်လေးကိုတော့ တတ်တူးများထိုးပေးခြင်းမရှိဘဲ သမီးဖြစ်သူ ဆန္ဒရှိမှသာ တတ်တူးထိုးပေးသွားမည်ဟု သိရှိရပါသည်။

Shoon (Cele Daily)

  • Leave a Comment