





Shoon (Cele Daily)

Unicode

နေမကောင်းသဖြင့် ဆေးရုံတတ်နေရသော သခင်ဖြစ်သူကို ဆေးရုံအပြင်ဘက်မှ မျက်ရည်များဖြင့် တစ်ချိန်လုံးထိုင်စောင့်နေခဲ့သည့် ခွေးလေး

လူသားတို့သည် တိရိစ္ဆာန်ပေါင်းများစွာကို အဖော်အဖြစ်လည်ကောင်း အိမ်စောင့်ရစေရန်အတွက်လည်းကောင်းမွေးမြူတတ်ကြပေသည်။လူသားတို့မွေးမြူကြသော တိရိစ္ဆာန်များထဲမှ ခွေးကလေးတို့လည်း ပါဝင်ပေသည်။

ခွေးကလေးများသည် တိရိစ္ဆာန်များဖြစ်သော်လည်း ညဏ်ရည်အလွန်မြင့်မားကာ သခင်တို့အပေါ်တွင်လည်း သစ္စာစောင့်သိမှုအရှိဆုံးပင်ဖြစ်ပေသည်။

ယခုတွင်လည်း တူရကီနိုင်ငံမှ ခွေးကလေးတစ်ကောင်၏ သူ၏သခင်ပေါ်တွင်ထားရှိသော သစ္စာတရားနှင့် မေတ္တာသည် အလွန်ပင်ထင်ဟပ်နေသည်။

သခင်ဖြစ်သူသည် နေမကောင်းသဖြင့် ဆေးရုံပေါ်တွင် ရက်အနည်းငယ်ကြာ ကုသမှုခံယူခဲ့ရပါသည်။ထို့အချိန်တွင် ခွေးကလေးသည် အိမ်သို့ပြန်ရန် ခေါ်သွားခဲ့သော်လည်း ပြန်လိုက်သွားခြင်းမရှိဘဲ ဆေးရုံအပြင်ဘက်မှ စောင့်နေခဲ့ပါသည်။

ခွေးကလေးသည် ဆေးရုံထဲမှ သခင်ပြန်ထွက်လာမည့်အချိန်ကို မျက်ရည်လေးများဖြင့် တစ်ချိန်လုံးထိုင်စောင်နေခဲ့သည်။ထို့ကြောင့် ဆေးရုံမှဆရာဝန်များဟာလည်း ခွေးကလေးကို သနားကာ သခင်ဖြစ်သူကို ဝှီးချဲဖြင့် တင်ဆောင်ကာ ခွေးကလေးနှင့် ခတ္တပေးတွေ့ခဲ့သည်။

Shoon (Cele Daily)

  • Leave a Comment