Shoon (Cele Daily)
Unicode
ကြက်မွေးမြူရေး အတွေ့အကြုံလေးများကို ပြန်လည်ရှင်းပြထားတဲ့ ထိုင်းနိုင်ငံမှ ကြက်ချစ်တဲ့ မိန်းမချောလေး
အာရှတိုက်၏ အရှေ့တောင်ဘက်တွင်ရှိသော အာဆီယံဒေသတစ်ခုလုံးသည် အိမ်တွင်း၌ ကြက်မွေးမြူရေးများကို လုပ်ကိုင်သူ အများအပြားရှိပေသည်။အာဆီယံဒေသတွင်းနိုင်ငံများသည် ကြက်တိုက်ရသည်ကို ဝါသနာပါသူ အလွန်များလှ၏။
သို့သော် ကြက်မွေးမြူမှုကို ဝါသနာပါသူ မိန်းကလေးကတော့ ရှားပါးလှပါသည်။ယခုတွင် ထိုင်းနိုင်ငံမှ မိန်းမချောလေးတစ်ဦးသည် ကြက်မွေးမြူရသည်ကို ဝါသနာပါပြီး ကြက်များကို အလွန်ချစ်မြတ်နိုးလှသည်။
ထိုမိန်းမချောလေးသည် သူမမွေးမြူထားသည့် ကြက်ဖကြီးတစ်ကောင်ကို သူမသွားလေရာ ခေါ်ဆောင်သွားတတ်ပြီး အခြားသူများ၏ မေးခွန်းထုတ်ခြင်းကိုလည်း ခံရတတ်သည်။
သူမကတော့ သူတစ်ပါးမေးခွန်းထုတ်သည်များကို ချစ်သောကြောင့်ဟုသာ ပြန်ပြောပြတတ်သည်။သူမ၏ကြက်ဖသည် သာမာန်ထက်အလွန်ကြီးမာပြီး အလေးချိန်4.5kgခန့်ရှိကာ အသက်၄နှစ်လောက်ပင်ရှိသည်။
သူမသည် ကြက်မွေးမြူရသည့် အတွေ့အကြုံများစွားကိုလည်း ပြောပြလေ့ရှိပြီး ကြက်များသည် အလင်းကိုသာနှစ်သက်ပြီး အမှောင်ရှိလာသည်နှင့် အိပ်တတ်ကြကြောင်း အလင်းရောက်လာလျှင် အိပ်နေရာမှ ချက်ချင်းထလာတတ်ကြောင်း ရှင်းပြတတ်သည်။
Shoon (Cele Daily)
  • Leave a Comment