အသက္၆ႏွစ္အ႐ြယ္ ကေလးဘဝက သဲေသာင္ျပင္ေပၚတြင္ လက္တြဲကာ အတူတူေဆာ့ကစားခဲ့ဖူးၿပီး ႏွစ္ေပါင္းႏွစ္ဆယ္ၾကာတြင္ ျပန္လည္ဆုံဆည္းကာ လက္ထပ္ခဲ့ၾကသူ

ယခုေဖာ္ျပေပးမည့္အခ်က္အလတ္မ်ားသည္ အဂၤလန္ႏိုင္ငံတြင္ လက္ထပ္ခဲ့ၾကသည့္ စုံတြဲတစ္တြဲ၏ အခ်စ္ဇာတ္လမ္းေလးတစ္ပုဒ္ပင္ျဖစ္ပါသည္။ဒီဇာတ္လမ္းေလးထဲတြင္ သူတို႔စုံတြဲႏွစ္ဦး၏ ဖူးစာေရစက္သည္ အလြန္ပင္ဆန္းၾကယ္လွသည္ဟု ဆိုႏိုင္ေပသည္။

ထိုစုံတြဲသည္ သူတို႔၏ ကေလးဘဝထဲကပင္ အခ်င္းခ်င္းရင္းႏွီးခဲ့ၾကၿပီး ႏွစ္ေပါင္းႏွစ္ဆယ္ၾကာ ကြဲကြာၿပီးမွသာ ျပန္လည္ဆုံေတြ႕ကာ ခ်စ္သူရည္းစားအျဖစ္သို႔ေရာက္ရွိကာ လက္ထပ္ခဲ့ၾကျခင္းျဖစ္သည္။

သူတို႔ႏွစ္ဦးသည္ ငယ္စဥ္ဘဝက တူရကီႏိုင္ငံတြင္ အိမ္နီးခ်င္းမ်ားအျဖစ္ေနထိုင္ခဲ့ၾကၿပီး အိမ္အနီးရွိ ကမ္းစပ္သဲေသာင္ျပင္တြင္ အသက္၆ႏွစ္အ႐ြယ္ထိ အတူတူေဆာ့ကစားခဲ့ၾကဖူးသည္။

ထို႔ေနာက္မွ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကြဲကြာသြားခဲ့ရၿပီး ႏွစ္ေပါင္းႏွစ္ဆယ္အၾကာမွသာ အဂၤလန္ႏိုင္ငံ နယူးကာဆယ္ၿမိဳ႕ရွိ တကၠသိုလ္တစ္ခုတြင္ ျပန္လည္ဆုံေတြ႕ခဲ့ၾကၿပီး ခ်စ္သူရည္စားအျဖစ္သို႔ ေရာက္ရွိကာ လက္ထပ္ခဲ့ၾကျခင္းျဖစ္ေပသည္။

Shoon (Cele Daily)

Unicode

အသက်၆နှစ်အရွယ် ကလေးဘဝက သဲသောင်ပြင်ပေါ်တွင် လက်တွဲကာ အတူတူဆော့ကစားခဲ့ဖူးပြီး နှစ်ပေါင်းနှစ်ဆယ်ကြာတွင် ပြန်လည်ဆုံဆည်းကာ လက်ထပ်ခဲ့ကြသူ

ယခုဖော်ပြပေးမည့်အချက်အလတ်များသည် အင်္ဂလန်နိုင်ငံတွင် လက်ထပ်ခဲ့ကြသည့် စုံတွဲတစ်တွဲ၏ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပင်ဖြစ်ပါသည်။ဒီဇာတ်လမ်းလေးထဲတွင် သူတို့စုံတွဲနှစ်ဦး၏ ဖူးစာရေစက်သည် အလွန်ပင်ဆန်းကြယ်လှသည်ဟု ဆိုနိုင်ပေသည်။

ထိုစုံတွဲသည် သူတို့၏ ကလေးဘဝထဲကပင် အချင်းချင်းရင်းနှီးခဲ့ကြပြီး နှစ်ပေါင်းနှစ်ဆယ်ကြာ ကွဲကွာပြီးမှသာ ပြန်လည်ဆုံတွေ့ကာ ချစ်သူရည်းစားအဖြစ်သို့ရောက်ရှိကာ လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။

သူတို့နှစ်ဦးသည် ငယ်စဥ်ဘဝက တူရကီနိုင်ငံတွင် အိမ်နီးချင်းများအဖြစ်နေထိုင်ခဲ့ကြပြီး အိမ်အနီးရှိ ကမ်းစပ်သဲသောင်ပြင်တွင် အသက်၆နှစ်အရွယ်ထိ အတူတူဆော့ကစားခဲ့ကြဖူးသည်။

ထို့နောက်မှ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားခဲ့ရပြီး နှစ်ပေါင်းနှစ်ဆယ်အကြာမှသာ အင်္ဂလန်နိုင်ငံ နယူးကာဆယ်မြို့ရှိ တက္ကသိုလ်တစ်ခုတွင် ပြန်လည်ဆုံတွေ့ခဲ့ကြပြီး ချစ်သူရည်စားအဖြစ်သို့ ရောက်ရှိကာ လက်ထပ်ခဲ့ကြခြင်းဖြစ်ပေသည်။

Shoon (Cele Daily)

  • Leave a Comment