Shoon (Cele Daily)
Unicode
ဗိသုကာပညာရှင်တစ်ယောက်လို ရေးဆွဲထားသော ၁၂နှစ်အရွယ်ကောင်လေး၏ ခေတ်မီဆန်းသစ်သော အိမ်ပုံစံဒီဇိုင်းကို မိဘများက အမှန်တကယ်တည်ဆောက်ဂုဏ်ပြုပေး
ယခုခေတ်ကာလတွင် ကမ္ဘာပေါ်၌ လူသားတို့သည် ခေတ်မီဆန်းသစ်သော ဒီဇိုင်းများဖြင့် နေအိမ်တိုက်တာ အဆောက်အဦးများကို ခန်းနားထည်ဝါစွာ ဆောက်လုပ်လာခဲ့ကြပါသည်။
မြို့ကြီးပြကြီးများတွင် ခေတ်မီတိုးတက်ဆုံးသော အဆောက်အဦးများကို ဆောက်လုပ်လာကြပေသည်။ထိုသို့ခေတ်မီသော အဆောက်အအုံများကိုဆောက်လုပ်နိုင်ရန် လှပသော ဒီဇိုင်းရေးဆွဲသူသည် ဗိသုကာပညာရှင် အင်ဂျင်နီယာများပင်ဖြစ်သည်။
ယခုတွင်တော့ အသက်၁၂နှစ်အရွယ် ကောင်လေးတစ်ဦးသည် သူနေထိုင်ချင်သော နေအိမ်ပုံစံကို ကိုယ်တိုင်ရေးဆွဲခဲ့ပါသည်။ထိုကောင်လေးသည် အသက်၁၂နှစ်အရွယ်သာရှိသေးသော်လည်း သူရေးဆွဲခဲ့သော အိမ်ပုံစံဒီဇိုင်းသည် အလွန်ခေတ်မီဆန်းသစ်ကာ မသိရှိသူများဆိုလျှင် ဗိသုကာပညာရှင်တစ်ဦး ရေးဆွဲထားသည်ဟုပင် ထင်မှတ်ရပေသည်။
ကောင်လေးသည် အိမ်ပုံစံကို ကွန်ပျူတာဖြင့် စနစ်တကျရေးဆွဲကာ သာမန်လူအဖို့ လိုက်လံတုပရန် မဖြစ်နိုင်ပေ။
ထို့ကြောင့်မိဘများသည်လည်း သားဖြစ်သူကို ဂုဏ်ပြုသည့်အနေဖြင့် သားဖြစ်သူရေးဆွဲထားသော အိမ်ပုံစံအတိုင်း ဆောက်လုပ်ပေးခဲ့သည်။အိမ်ဆောက်လုပ်ရာတွင်လည်း ကောင်လေးသည် ကိုယ်တိုင်လိုက်လံကြည့်ရှု့ကာ အချို့နေရာများတွင် ကိုယ်တိုင်ပင် ဝင်လုပ်နေသေးသည်။
Shoon (Cele Daily)