




Shoon (Cele Daily)

Unicode

လူများအကြားတွင် မီးကစားပြီး စတန့်ပြသူတစ်ဦး၏ မတော်တဆ မျက်နှာတစ်ခုလုံး ထိခိုက်မိခဲ့သည့်ဖြစ်ရပ်

ရုရှားနိုင်ငံမှ လူငယ်တစ်ဦးသည် ရုရှားနိုင်ငံအနောက်တောင်ပိုင်းဒေသတစ်ခုတွင် kemerovoဟုခေါ်သော ပွဲတော်တွင် မီးအလှကစားပြခြင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ မီးအလှကစားပြခြင်းဆိုတာဟာ လှပသောမီးလျှံများထွက်ပေါ်စေရန် ပါးစပ်ထဲကို လောင်စာဆီများထည့်၍ မှုတ်ထုပ်ကာ ဖန်တီးပြခြင်းမျိုးဖြစ်သည်။

မီးအလှကစားပြခြင်းသည် အလွန်အန္တရာယ်ရှိသော လှုပ်ရှားမှုတစ်ခုပင်ဖြစ်ပြီး ပြင်းထန်သောဒဏ်ရာများ သို့မဟုတ် အသက်အန္တရာယ်ထိခိုက်ခြင်းများ ကြုံတွေ့နိုင်ပေသည်။အချို့စတန့်သမားများသည် အန္တရာယ်ကိုလျော့ချစေနိုင်သော သင့်လျော်သည့်နည်းလမ်းကို အသုံးပြုကြသည်ဟုဆို၏။

ရုရှားနိုင်ငံမှ လူငယ်တစ်ဦးသည် မီးစတန့်ပြနေစဥ်တွင် ပါးစပ်မှ လောင်စာဆီများမှုတ်ထုတ်စဥ် မတော်တဆဖြစ်ကာ ပါးစပ်အားမီးစွဲသွားခဲ့ပါသည်။

လူငယ်သည်လည်း ဒူးထောက်ကာ စွဲလောင်နေသော မီးများအား ငြိမ်းသက်နိုင်ရန်ကြိုးစားသော်လည်း ပါးစပ်ထဲတွင်ကျန်ရှိနေသော လောင်စာများကြောင့် မျက်နှစ်တစ်ခုလုံး မီးစွဲသွားခဲ့ပါတယ်။ကြည့်ရှု့နေသောပရိတ်သတ်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသောကြောင့်သာ စိုးရိမ်ရသော အခြေအနေသို့ မရောက်ရှိခဲ့ရခြင်းဖြစ်သည်။

Shoon (Cele Daily)

  • Leave a Comment